Thursday, July 9, 2026

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည်...

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က...

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက် အချိန်ပိုင်းလျှပ်စစ်...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းတို့ကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့၌ နံနက် ၉ နာရီမှ...

ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု (၂)...

ပထမဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅/၇ နှင့် ၄၆/၀ ကြား၌...
HomeMoviesကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ်

ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ်

မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသဖြင့် ဇူလိုင်လ ၄ ရက်က “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာ” (Kuala Lumpur Durian Experience Centre – KLDEX) ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ စင်တာဖွင့်ပွဲကို စနွေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ကျင်းပသည့် မလေးရှား ဒူးရင်းသီးပွဲတော် ၂၀၂၆ နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ဂျလန်အမ်ပန်း လမ်းမပေါ်တွင် တည်ရှိပြီး အာရှ၏ ပထမဆုံးသော ဘက်စုံသုံး ဒူးရင်းသီး အတွေ့ အကြုံမျှဝေရေးစင်တာဖြစ်သည့် KLDEX ကို မလေးရှား ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MyBolehBoleh အဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ အထင်ကရ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကမ္ဘာ့အဆင့်မီ အချက်အပြုတ်နှင့် ခရီးသွားလာရေး အချက်အချာနေရာတစ်ခုအဖြစ် နိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။

စတုရန်းမီတာ ၁,၉၀၀ ကျယ်ဝန်းသော KLDEX တွင် ဒူးရင်းသီးပြတိုက်၊ အဆင့်မြင့်အာရုံခံစားမှုပြဇာတ်ရုံ၊ အစားအသောက်နှင့် အဖျော်ယမကာဆိုင်များ၊ အပြန်အလှန်အလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုံပြင်ပြောပြခြင်း အစီအစဉ်များ ပါဝင်သည်။ ဒူးရင်းသီး မြည်းစမ်းမှု အစီအစဉ်များအတွက်မူ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။ ယင်းစင်တာသည် ဒူးရင်းသီး၏ သမိုင်းကြောင်း၊ စိုက်ပျိုးမှုပုံစံ၊ သိပ္ပံနည်းကျ တိုးတက်မှုများနှင့် တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်မည့် ခရီးစဉ်တစ်ခုကို ပေးစွမ်းမည်ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀၃၀ နာရီမှ ည ၁၀၃၀ နာရီအထိ ဖွင့်လှစ်ထားပြီး လက်မှတ်စျေးနှုန်းမှာ မလေးရှားရင်းဂစ် RM31 မှ RM49 (စင်ကာပူဒေါ်လာ ၉.၈၀ ဝန်းကျင်) အတွင်း ရှိသည်။

လာရောက်လည်ပတ်သူများသည် သမိုင်းဝင်မော်ကွန်းများနှင့် အပြန်အလှန်ပြသကွက်များကို ကြည့်ရှုပြီးနောက် တစ်ရက်လျှင် ၄ ကြိမ် ပြသပေးမည့် ပြဇာတ်ရုံသို့ သွားရောက်နိုင်သည်။ ယင်းပြဇာတ်သည် ဒူးရင်းသီး ကုန်သည်ပြိုင်ဘက်နှစ်ဦးအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရာမှ နောက်ဆုံးတွင် သူငယ်ချင်းများ ဖြစ်သွားကြသည့်အကြောင်းကို ရပ်ပ်သီချင်း၊ ဟာသများနှင့် မလေးရှားနိုင်ငံ၏ နာမည်ကြီး ဒူးရင်းသီးမျိုးစိတ်များကို ထည့်သွင်းကာ သစ်သီးဝလံယဉ်ကျေးမှုအမွေအနှစ်ကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ထားခြင်း ဖြစ်သည်။

KLDEX ကို အန်းကင်းဝီ နှင့် အက်ဒီဆင် အန်းဝေဖန်း တို့က ပူးတွဲတည်ထောင်ခဲ့ပြီး အန်ဇိုဆင် က ပြတိုက်မှူးအဖြစ် စီမံကာ “သစ်သီးဝလံတို့၏ ဘုရင်” ဟု တင်စားကြသည့် မလေးရှားဒူးရင်းသီးကို ဂုဏ်ပြုသည့် မိသားစုအလိုက် လည်ပတ်နိုင်သော နေရာတစ်ခုအဖြစ် ပုံဖော်ထားသည်။

ပညာရေးဗဟိုဌာနတစ်ခုအဖြစ် ရည်ရွယ်သည့် အဆိုပါပြတိုက်တွင် ၁၅ ရာစုနှစ်အတွင်း အာဆီယံဒေသသို့ ရောက်ရှိလာခဲ့သော ကမ္ဘာလှည့်ခရီးသည်များနှင့် တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး ကျန်းဟီ တို့၏ မလက္ကာ ခရီးစဉ်အတွင်း ဒူးရင်းသီးနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသော ရှေးဟောင်းလက်ရေးမူများ၊ ဒူးရင်းစိုက်ခင်း ပုံတူငယ်များနှင့် အပြန်အလှန်ပြသကွက်များ ပါဝင်သည်။ ၎င်းတို့သည် မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိက ပို့ကုန်ဖြစ်လာသည့် Black Thorn နှင့် Musang King ကဲ့သို့သော ကမ္ဘာကျော် ဒူးရင်းသီးမျိုးစိတ်များ၏ သမိုင်းကြောင်းနှင့် စိုက်ပျိုးရေးတိုးတက်မှု ဖြစ်စဉ်များကို ခရီးသွားများအား ထင်ဟပ်စေမည် ဖြစ်သည်။

ယခုနှစ်အတွင်း ကွာလာလမ်ပူမြို့၌ Galeri PETRONAS၊ Merdeka Textile Museum နှင့် Muara Arts ကဲ့သို့သော အနုပညာပြတိုက်ကြီးများ ဖွင့်လှစ်ရန် ရှိနေသည့်အပြင်၊ ယခုကဲ့သို့ ဒူးရင်းသီးပြတိုက်တစ်ခု ပေါ်ပေါက်လာခြင်းသည် ထူးဆန်းသည့်အရာ မဟုတ်ဘဲ မလေးရှားနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အမြဲတစေ ဆီလျော်စွာ ပေါင်းစပ်တည်ရှိနေသည့် သဘာဝတစ်ခုဖြစ်ကြောင်း သိရသည်။

Ref: သယ်စရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထို့ပြင် CNG အား ယာဉ်အမှတ် 6F-3682 ကားသို့ တ ရားမဝင်ရောင်းချခြင်းများပြုလုပ်သဖြင့် တာဝန်ရှိသူ များကကြည့်ရှုစစ်ဆေးရာ အမှန်တကယ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိရ၍ 2I-2957 ကားနှင့် 6F-3682 ကားတို့အား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော အပစ်အခတ်ရပ်စဲရေးအပေါ် နောက်ဆုံးထိုးနှက်ချက်အဖြစ် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်း၏ ပဉ္စမရေတပ်ခရိုင် ဘန်ဒါဆယ်လ်မန်နှင့် ကူဝိတ်ရှိ အလီအယ်လ်ဆာလမ်လေတပ်စခန်းရှိ အမေရိက၏ အဓိကစစ်စခန်းများကို ဒုံးကျည်နှင့် ဒရုန်း ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်းနှင့် စစ်ဆင်ရေးကို ဝင်ရောက်နှောင့်ယှက်ရန်ကြိုးပမ်းသည် အမေရိက MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အစ္စလာမ်မစ်အစောင့်တပ်က ပြောကြားခဲ့သည်။        ဘာရိန်းနှင့် ကူဝိတ်တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များသည်...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက် အချိန်ပိုင်းလျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းတို့ကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေချိန်၌ ၁၁ ကေဗွီ အ ကွက်ကြီး ၄/၅ ဖီဒါ ဓာတ်အားပိတ်၍ဆောင်ရွက်မည်ဖြစ်ရာ သုခသိဒ္ဓိနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)၊ အစိုးရနည်းပညာ အထက် တန်း​ကျောင်းများတွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၇ ရက်က ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071