ကွမ်းခြံကုန်းမြိုနယ် ဒေးဒနောနားတွင် မိုင်းခွဲတိုက်ခိုက်ခံရဟု နစကထုတ်ပြန်
ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်းမြိုနယ်အတွင်း မှာ နိုဝင်ဘာ၅ရက်ညက စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုတိုရှိခဲ့သည်။
နစက က နိုဝင်ဘာ၅ရက် ည၁၀နာရီခန့်က ကော့မှူး-ကွမ်းခြံကုန်းကားလမ်း ဒေးဒနောကျေးရွာတွင် စစ်ကားကို ကားလမ်းဘေးဝဲယာနှစ်ဖက်နှစ်ချက်စလုံးမှ မိုင်းခွဲတိုက်ခိုက်ခြင်း၊လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်းတိုကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်နေရာတွင် လက်လုပ်စိန်ပြောင်းတစ်လက်၊ကျည်ခွံ ၈၀ကျော်၊ကျည်၁၁တောင့်တိုကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း နစက ကသတင်းထုတ်ပြန်ချက်ထဲ ဖော်ပြသည်။
ဖြစ်စဉ်ဖြစ်ပြီးအစစ်အဆေးများတင်းကြပ်နေသည်ဟု မြိုခံအချိုကပြောသည်။
မိုင်းခွဲပစ်ခတ်မှုကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲက ၄င်းတိုလက်ချက်ဟု ကြေညာထားသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲက စစ်သား ၇ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
နစကဘက်ကမူ ထိခိုက်သေဆုံးမှုရှိ၊မရှိကို ထည့်သွင်း သတင်းမထုတ်ပြန်ထားပေ။
