ကွတ်ခိုင်မြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားပေါ်မှ ကျပ်သိန်း ၂၃၀၀ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များဖမ်းမိ
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၉ရက်နေ့ ၊မွန်းလွဲ ၂နာရီအချိန်ကကွတ်ခိုင်မြို့နယ်၊မန်ပြိန်းကျေးရွာအနီး ရပ်တန့်ထားတဲ့ UD Nissan ၁၂ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ပါတယ်။
ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် ကာလတန်ဖိုး ငွေကျပ်သိန်း ၂၃၀၀ကျော်တန်ဖိုးရှိ ဓာတုဆေးရည် Sulfurous Dichloride
၆၈၀၀ လီတာနှင့် Dimethyl Sulfate ၄၂၀၀ လီတာတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် ဓာတုဆေးရည်များကို တာဝန်ခံသယ် ဆောင်လာတဲ့ ကျော်စိုး (၅၀)နှစ်နှင့် ဝေလွင် (၅၈)နှစ် တို့ ၂ဦးကိုလည်း အဆိုပါနေရာမှာ ရပ်ထားတဲ့ Mark II အမျိုးအစား မော်တော်ယာဉ်နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
ထို့ကြောင့် ၄င်းတို့ ၂ဦးနှင့်အတူ ၁၂ဘီးယာဉ်မောင်းနှင်တဲ့ ယာဉ်မောင်းမျိုးမင်းသန့်(ခ)ဒိုးလုံး(၃၁)နှစ်နှင့် ယာဉ်ပေါ်တွင်အတူလိုက်ပါလာသူ ဝေဖြို့အောင်(ခ)ဝေဖြိုး (၁၉)နှစ်၊ဇော်ငြိမ်းထွန်း (၃၆)နှစ်၊စုစုပေါင်း ၅ဦးတို့အား ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
Zaw Gyi