Wednesday, July 9, 2025

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ...

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ...

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့်...

တရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် နာနတ်သီး (၆)...

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပြုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြ စ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နာနတ်သီးများကို ကူမင်းအကောက်ခွန်ဌာန...
HomeNewsLocal Newsကွတ်ကီး မုန့်များတွင် ဆေးခြောက်ထည့်၍...

ကွတ်ကီး မုန့်များတွင် ဆေးခြောက်ထည့်၍ အွန်လိုင်း မှရောင်းချသူ ၂ ဦးကိုဖမ်းမိ

လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရကွတ်ကီး မုန့်များအတွင်း ဆေးခြောက်များထည့်၍ အွန်လိုင်း မှတဆင့်ရောင်းချသူ ၂ ဦးကို မတ် ၈ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ညနေပိုင်းက လုံခြုံရေးအဖွဲ့ဝင်များသည် ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊အမှတ်(၇) ရပ်ကွက်၊(၁၆)လမ်း၊တိုက်အမှတ်(၁၂၆)၊ ၈ လွှာရှိ တိုက်ခန်းအားဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နေအိမ်တိုက်ခန်း၌ ထက်ရတနာစိုး(၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ဇော်လင်းနောင် (၂၁)နှစ်အား လမ်းမတော်မြို့နယ်၊အမှတ် (၁၀)ရပ်ကွက်၊ဗဟိုရ်စည်အိမ်ရာဝင်း၊တိုက်အမှတ် (၄၀)၊ ၃ လွှာရှိ အခန်း(၁၄)တွင် ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းထားသည့် ကွတ်ကီး မုန့်အခု ၅၀၊ ဆေးခြောက်ရှူရာတွင် အသုံးပြုသည့် ဆေးဂေါက်တံ ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ Cookie မုန့်များအတွင်း ဆေးခြောက်များထည့်၍ ဆေးခြောက်ထည့်သွင်းမှု အနည်း/အများပေါ်မူတည်ကာ Cookie မုန့်တစ်ခုလျှင် ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ အထိ Online မှတဆင့်ရောင်းချခြင်းဖြစ်ပြီး ဆေးခြောက်များအား မြဝတီဘက်မှ ခရီးသည်တင်ကားများဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဆေးခြောက်ထည့်သွင်းထားသည့် Cookie မုန့်များအား ဝယ်ယူစားသုံးသူများသည် ရုပ်ပိုင်းဆိုင် ရာနှင့်စိတ်ပိုင်းဆိုင်ရာများ များစွာပျက်စီးစေနိုင်ကာ စတင်စားသုံးစဉ် ခွန်အားများတိုးပွားလာပြီး အိပ်ချင်စိတ်ပြေပျောက်သည်ဟု မှားယွင်းစွာထင် မြင်နေကာ နောက်ပိုင်းတွင်အစား စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ကြွက်သားတောင့်တင်းလာခြင်း၊အသက်ရှူမြန်လာခြင်း၊အာရုံစူးစိုက်မှုနည်းလာခြင်း၊မှတ်ဉာဏ်ယိုယွင်းလာခြင်း၊စိတ်တိုဒေါသထွက်ခြင်းများဖြစ်ပေါ်လာမည်ဖြစ်သည်။

ထို့ပြင် စားသုံးသည့်ကာလကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင်မနေနိုင်အောင် စိတ်ရောကိုယ်ပါစွဲလမ်းမှုဖြစ်ပေါ်လာပြီး စိတ်ချောက်ချားခြင်း၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ဖျားနာလာခြင်း၊ဦးနှောက်တွင်းသွေးယိုခြင်း၊အ သက်ရှူကျပ်ခြင်း၊နှလုံးခုန်ရပ်ခြင်းများဖြစ်၍ ရုတ်တရက်သေဆုံးသည်အထိ ဆိုးကျိုးများခံစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ အလှူငွေကျပ်(၉၀၆ ဒသမ ၂၅၀)သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်ထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ (၁) သန်းကို အကူအညီများ ပေးထားပြီးဖြစ်သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ရေရှည်အထောက်အပံ့ ပေးနိုင်ရန်အရေးကြီးကြောင်း UNOCHA Myanmar က ဆိုသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီး သုံးလပြည့်ပြီးချိန်အထိ ရန်ပုံငွေ မလုံလောက်မှုကြောင့် တုံ့ပြန်ကူညီရေး ကြိုးပမ်းချက်များကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေး စီစဉ်နေ

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကိုရီးယားသမ္မတနိုင်ငံရှိ Global Issue Forum နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။ အစည်းအဝေးတွင် Global Issue Forum မှ ကိုရီးယားနည်းပညာနှင့် ပြုလုပ်ထားသည့် ဆန်ဖြင့် ခေါက်ဆွဲထုတ်လုပ်သည့် စက်အား မိတ်ဆက်ပေးခြင်း၊ အဆိုပါစက်သည် အခြားပါဝင်ပစ္စည်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071