ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ကွင်းသွင်းခြင်းခတ်ပွဲစဉ်များတွင် မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ငွေတံဆိပ်ဆု ရရှိခဲ့သည်။
ထို့ပြင် မြန်မာအတွက် ရွှေတံဆိပ်ကို ခြင်းလုံး (အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း)ကပါ ဆွတ်ခူးထားပြီ ဖြစ်သည်။
ရွှေတံဆိပ်ဆုကိုမူ ရိုးရာခြင်းလုံး အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲမှ ဆွတ်ခူးထားခြင်း ဖြစ်သည်။
