Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsကျွန်တော့်ကို ချစ်တဲ့လူလည်း ရှိသလို...

ကျွန်တော့်ကို ချစ်တဲ့လူလည်း ရှိသလို မုန်းတဲ့လူလည်း ရှိမှာပါပဲ ငြိမ်းသော်

_K3A9479

အခု လတ်တလောမှာ ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးနဲ့ တူတယ်ဆိုပြီး  မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစား နေတဲ့ တက်သစ်စ မင်းသားတစ်ဦး ကတော့ ငြိမ်းသော်ပါ။ သူက ဇာတိမြေဖြစ်တဲ့ မုံရွာကနေ ၂ဝ၁၄ခုနှစ်မှာ ရန်ကုန်ရောက် ရှိလာပြီး မော်ဒယ်သင်တန်း တက်ရင်း Mister ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ကာ Mister ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါ တယ်။

“နယ်မှာတုန်းကလည်း အနုပညာကိုဝါသနာပါတယ်။ ဒါပေမဲ့ဘယ်လို စဝင်ရမှန်းမသိဘူး။ မျိုးရိုးလည်း မရှိတဲ့အတွက် မော်ဒယ် သင်တန်းတက် ပြီးတော့မှ မော်ဒယ်အနေနဲ့ပဲ ရပ်တည် သွားတယ်။ နောက်တစ်ဆင့်ကျမှ ဒါရိုက်တာထူးပိုင်ဇော်ဦးက အွန်လိုင်းမှာကြော်ငြာတယ်။ သရုပ်ဆောင်သစ်လိုတယ်ဆိုလို့ သွားလျှောက်ရင်းနဲ့ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ဖြစ်သွားတာပါ။ ကျွန်တော်က အနုပညာနဲ့ ပတ်သက်တာအကုန် လုပ်ချင်တယ်။ သီချင်းလည်း ဆိုချင်တယ်။ သရုပ်ဆောင်လည်း လုပ်ချင်ပါတယ်။ မော်ဒယ်လည်း လုပ်ချင်ပါတယ်။ အားလုံးဆီက အတုယူပါတယ်။ အားလုံးက ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲ။ သူများတွေ ဘယ်လိုအိုက်တင် လုပ်သွားလဲဆိုတာ ကြည့်ပြီး လေ့လာဖြစ်ပါတယ်”လို့ ငြိမ်းသော်က ပြောပါတယ်။

ငြိမ်းသော်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ ‘ညရုပ်ရှင်’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။လတ်တလောမှာ ငြိမ်းသော်ကို ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးနဲ့တူတယ်ဆိုပြီး ပြောကြသလို ဝေဖန်နေကြ တာတွေလည်း ရှိနေပါတယ်။

  “ကိုရီးယားမင်းသားနဲ့ တူတယ် ဆိုတာက သူတို့ကြိုက်တဲ့သူနဲ့ သူ့တို့ကလည်း မြန်မာပြည်မှာ ကိုယ့်ကို အားပေးနေတဲ့ အချိန်ဆိုတော့ သူတို့ စိတ် ထဲမှာ တူသွားလို့ တူတယ်လို့ ပြောကြတာပေါ့။ ကျွန်တော်က ကိုရီးယားစတိုင်ဘက်ကို သွားတာ တော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ ရိုးရှင်းတဲ့ဒီဇိုင်းကို ယူရင်းနဲ့ တူသွားတာပါ။ ဝေဖန်ပါ။ လူဆိုတာက တော့ ဝေဖန်ကြမှာပဲ။ အဆိုးနဲ့အကောင်းပေါ့။ ကျွန်တော့်ကို ချစ်တဲ့လူရှိသလို မုန်းတဲ့လူရှိမှာပဲ။ သူတို့ ဝေဖန်ပေမယ့်လည်း လက်ခံပါတယ်။သူတို့ ကိုလည်း ကျွန်တော် မမုန်းပါဘူး။ သူတို့စိတ်ထဲ ကျွန်တော် ရောက်သွား ရင်ရပါပြီ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- သီဟ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071