Wednesday, February 18, 2026

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ...

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း...

သွေးအကြိမ် ၁၀၀ လှူဒါန်းသူ နှစ်ဦးနှင့်...

မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) က အကြိမ် (၂၀) နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့နယ်၌ ဖေဖေါ်ဝါရီ ၁၄ရက်က...
HomeCelebrities' Newsကျွန်တော်တို့ မြန်မာပြည်မှာ အင်မတန်ချစ်...

ကျွန်တော်တို့ မြန်မာပြည်မှာ အင်မတန်ချစ် စရာကောင်းတဲ့ ကာတွန်း ရုပ်ကလေးတွေ ရှိပါတယ် အရိုင်း

a-yineဟာသ ဆိုတာ လူသားတွေ အတွက် စိတ်ချမ်းသာမှု ပေး စွမ်းနိုင်တဲ့ အရာတစ်ခုပါ။ နေ့စဉ်လှုပ် ရှား ရုန်းကန်နေကြ ရတဲ့ လူ့ဘဝမှာ တဒင်္ဂ အတွင်း အပန်းပြေ စိတ်သက် သာစရာ အဖြစ် ဟာသက ပေးစွမ်းနိုင်ခဲ့ပါ တယ်။ ဒီလိုပဲ လူတွေရဲ့ စိတ်ပင် ပန်းချိန်မှာ စိတ် ချမ်းသာမှု တစ်စုံ တစ်ရာပေးစွမ်းနိုင်ရင် ကျေနပ်ပါတယ် လို့ ဆိုလာ သူကတော့ ဝါရင့်ဟာ သ သရုပ်ဆောင်ကြီး အရိုင်း ပဲဖြစ်ပါ တယ်။ သရဲ လေးကောင် ခတ်မှသည် ဒီနေ့ အချိန်ထိ သူ့ရဲ့ ပရိသတ်ကို ဟာသတွေနဲ့ ဖျော်ဖြေမှုပေးစွမ်းနေ တဲ့ ဟာသ သရုပ်ဆောင် အရိုင်းက..

“ပရိသတ် ဆိုတာက အထူး သဖြင့်တော့ ပြည်သူ လူထုပေါ့ဗျာ။ ပြည်သူလူထုက သူတို့သည် နေ့စဉ် စားဝတ်နေရေး အတွက် အမြဲ တမ်း ဖြေရှင်းနေကြရတဲ့ ပရိသတ် ရှိသလို သိပ်ပြီး အားကြိုးမာန်တက် မဖြေ ရှင်း ရတဲ့ ပရိသတ်တွေလည်း ရှိကောင်း ရှိနိုင်တာပေါ့။ ဘယ်လို ပရိသတ်မျိုးပဲဖြစ်ဖြစ်ပေါ့။ ဖျော်ဖြေ တင်ဆက် ပေးဖို့ အတွက်က ကျွန်တော်တို့မှာ တာဝန် ရှိတယ်။ တစ်နေ့တာ ဖျော်ဖြေ တင် ဆက် လိုက်ရ လို့ သူတို့ တစ်နာရီ၊ နှစ်နာရီ အတွင်းမှာ ပြေပျောက်ပျော်ရွှင်သွား တယ်ဆို ကျွန်တော်တို့ ကျေနပ်ပါတယ်။ အဲဒီ လို ပြေ ပျောက်စေချင် လို့လည်း ကျွန်တော်တို့က ဖျော်ဖြေ ပေးနေရတာပါ။ အဲဒီအတွက် ပြက်လုံးလေးတွေ နား ထောင်ကြ၊ ကြည့်ကြ တယ်။ သူတို့ စိတ်ထဲမှာ ခဏပျော် ရွှင်ကြတယ်။ ပေါ့ပါး လွတ်လပ်သွားတယ် ဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်” လို့ လူရွှင်တော် ဟာသ သရုပ်ဆောင် အရိုင်းက ပြောပါတယ်။ ဒါ့အပြင် သရုပ် ဆောင် အရိုင်းက သူ့ရဲ့ ပရိသတ် အတွက် ဟာသခံစားမှု အပြည့် ပေး စွမ်းနိုင်မယ့် “ကာတွန်းဓာတ်ရှင်” ဆိုတဲ့ ဇာတ် ကား အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“တစ်ချိန်က မြန်မာပြည်မှာ နာမည်ကျော် လူကြိုက် များခဲ့တဲ့ ကာတွန်း ဇာတ်ရုပ်တွေထဲက တချို့ကို ထုတ် နုတ်ပြီး ဟာသ သရုပ် ဆောင်တွေ နဲ့ ကာတွန်းဓာတ် ရှင်ဆို ပြီး ဇာတ်ကား ရိုက်ကူးထားပါတယ်။ ရုံတော့ မတင်ရသေး ပါဘူး။ လူရွှင်တော်တွေ အများကြီး ပါပါတယ်။ ဒီဇာတ် ကား ရိုက်ကူးဖြစ်တာကတော့ ကျွန်တော် တို့မြန်မာပြည်မှာ ကိုယ်ပိုင် ကာတွန်း ဇာတ်ရုပ်လေးတွေ ရှိပါလျက်နဲ့ နိုင်ငံ ခြား ကာတွန်း ဇာတ်ရုပ်ကိုပဲ ကလေးတွေက ကိုယ့်မြန်မာ ပြည် ကာတွန်းလိုပဲ ထင်နေ ရရှာတယ်။ ဒါဘာပဲဖြစ်ဖြစ် ကျွန်တော် တို့ လူကြီးတွေမှာ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်တယ်။ စိတ်ထဲမှာ ဘဝင်မကျ သလို စိတ်မကောင်း လည်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ငယ် ငယ်တုန်းက ကာတွန်း စာအုပ်လေးတွေ ဖတ်ခဲ့ကြရ တာပဲ။ ဒီဘက်ခေတ် ကလေးတွေကျတော့ ကာတွန်း စာအုပ်တွေ မဖတ်ရတော့ဘဲ ကာတွန်းကား တွေကြည့်၊ ကိုယ့်မြန်မာပြည်က ကာတွန်းရုပ်တွေ လို့ ထင်နေကြ တယ်။ ကျွန်တော် တို့ မြန်မာပြည်မှာ အင်မတန်ချစ် စရာကောင်းတဲ့ ကာတွန်းရုပ် ကလေးတွေရှိပါတယ်။ ကာတွန်း အကျော် အမော်ကြီးတွေ လည်း အများကြီး ရှိတယ်။ အဲဒါလေးကို ဖော်ထုတ်ချင်တဲ့ ဆန္ဒကြောင့် ဒီဇာတ်ကားလေး ရိုက်ကူးဖြစ်တာပါ” လို့ ဟာသ သရုပ်ဆောင်ကြီး အရိုင်းက သူ့ရဲ့ကာတွန်း ဓာတ်ရှင် ရုပ်ရှင် ဇာတ်ကားကြီး အကြောင်းကိုလည်း ပြောပြခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071