Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeCelebrities' Newsကျွန်တော်တို့ လောကအတွက် မင်းသမီး...

ကျွန်တော်တို့ လောကအတွက် မင်းသမီး အသစ်တွေ လိုအပ်နေပါတယ် နေတိုး

Nay-Toe-(1)Story Book Film Production မှ ဖန်တီးထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက် ကူးမယ့် Rose Rider ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ရန် အတွက် မင်းသမီးသစ် တစ်ဦးအား ရွေးချယ် ခေါ်ယူသွား မည်ဖြစ်ပြီး မင်းသမီး အသစ်တွေ လိုအပ်နေတဲ့ အတွက် အခုလိုစင်တင်ခြင်း ဖြစ်ကြောင်း နှင်းဆီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ နေတိုးကပြောပါတယ်။

“အတွေ့အကြုံ မရှိတဲ့လူပဲ ရွေးမှာပါ။ ရည်ရွယ်ချက် တစ်ခုက မင်းသမီး အသစ်တွေ ကျွန်တော်တို့ လောကအတွက် လိုအပ်တယ် လေ။ ဒီဇာတ်ကားက အသစ် တစ်ယောက်အနေနဲ့ အခွင့်အရေး တအား ကောင်းတဲ့ ဇာတ်ကား လည်းဖြစ်တယ်။ နာမည်ကြီး မင်းသမီး တစ် ယောက်ကို ထည့်သုံးဖို့ ကျတော့လည်း သူ့အနေနဲ့ လုပ်ရမယ့်လုပ် ဆောင်ချက်တွေက နာမည်ကြီး မင်းသမီး တစ်ယောက်ကို ထည့် သုံး ရမယ့် နေရာမျိုးလည်း မဟုတ်ဘူး။ လက်ရှိအလယ် အလတ်တန်းဝင် မင်းသမီးအငယ် တစ်ယောက် သုံးမယ် ဆိုရင်လည်း ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုး မရှိဘူး။ ဒီဇာတ်ကားလေးက မင်းသမီး အသစ် တစ်ယောက်ကို အသစ် တစ်ယောက် အနေနဲ့ မြင်ရမယ်။ ပရိသတ် ရင်ထဲကို ရောက်နိုင်မယ့် ကာရိုက်တာမျိုး၊ သရုပ်ဆောင်မှုမျိုးတွေ အများကြီး ပါဝင်တဲ့ အတွက် အသစ်တင်ရင် ဖြစ်နိုင်ချေ ၉ဝ ရာခိုင်နှုန်း လောက်ရှိတဲ့ ဇာတ်ကားမျိုးဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က မင်းသမီး တစ်ယောက် ထွက်လာဖို့ အတွက် ရည်ရွယ်တယ်။ ကိုယ့်လောက အတွက် မင်းသမီး အသစ်တစ် ယောက် ပေါ်ပေါက်လာမယ် ဆိုရင် ပရိသတ်တွေ အတွက် အသစ် တစ်ခု ထပ်ပြီး ကြည့်ရှုခွင့်ရမယ် ဆိုပြီး မင်းသမီး သစ်တင်ဖြစ်တာပါ”လို့  နှင်းဆီအဖွဲ့ ရွေးချယ်သွားမယ့် မင်းသမီးနဲ့ ပတ်သက်ပြီး နေတိုး ကပြောပါတယ်။

မင်းသမီးသစ် လျှောက်လွှာများကို ဧပြီလ ကုန်ထိ လက်ခံ သွားမှာဖြစ်ပြီး မေလမှ စတင် ရွေးချယ် သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကား ကို ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာ ရိုက်ကူးသွားမှာ ဖြစ်ကာ ဟာသနဲ့ traditional  ရောထားတဲ့ ဇာတ်လမ်း အမျိုးအစားဖြစ် ပြီး နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး၊ ကျော်ကျော်ဗို တို့ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။

နေတိုးက ဒီနှစ်သင်္ကြန်မှာ အိမ်မှာနေပြီး စာတွေ ဖတ်ဖြစ်သလို သူငယ်ချင်းတွေနဲ့ အတူ ဘန်ကောက် မှာလည်း ၂ရက်ကြာ ဈေးဝယ် ထွက်ဖြစ် သေးကြောင်းလည်း ပြောပါတယ်။

ဧပြီလ ၁၉ရက်နေ့ မှာတော့ နေတိုးက မင်းသမီး ၇ဦးနဲ့အတူ ဒါရိုက်တာ စတီးရိုက်ကူးတဲ့ “တည် ကြက်” ရုပ်ရှင်ဇာတ်ကားကြီး ကို ပြင်ဦးလွင် မှာ သွားရောက် ရိုက်ကူး မှာဖြစ်ပြီး ဒီဇာတ်ကားက စိတ်ရော လူရော ပင်ပန်းမယ့် ဇာတ်ကား တစ်ကား လို့ မြင်ကြောင်း ပြော ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071