ကရင်ပြည်နယ်၊ဒူးပလာယာခရိုင်၊ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းအား ဇန်နဝါရီ ၁၆ ရက်မှစတင်၍ ၈ ရက် ကြာသွားလာခြင်းမပြုရန် တားမြစ်ခဲ့သည်။
ဒူးပလာယာခရိုင်၊ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်နေသဖြင့် ခရီးသွားများ ခရီးသွားလာရာတွင် အလွန်အန္တရာယ်ရှိသည့်အခြေအနေဖြစ်ပေါ်နေသည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က ဇန်နဝါရီ ၁၆ ရက်ကထုတ်ပြန်ခဲ့သည်။
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များ ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ လုံးဝသွားလာခြင်းမပြုရန် KNU- ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ကတားမြစ်ထားသည်။
“တားမြစ်စာထုတ်ထားတာတော့သိတယ် အခြေ အနေကတော့ဘယ်လိုဖြစ်လာမယ်မသိသေးဘူး လတ်တလောအဲဒီလမ်းကို မနေ့ကစာထုတ်ပြီးထဲက ကားတွေဖြတ်သွားတာမရှိတော့ဘူး တိုက်ပွဲကတော့ မကြာမကြာဖြစ်နေတာပဲ”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
လက်ရှိအချိန်၌ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းအား သွားလာခွင့်တားမြစ်ထားသဖြင့် ရေး- ဘုရားသုံးဆူလမ်းကိုသာ ဖြတ်သန်းသွားလာနေရသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

