Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeCelebrities' Newsကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်...

ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် အကယ်ဒမီ ဒွေး အတွက် သူတို့ရဲ့အလွမ်းစကားသံ

Dawe မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ကားတိုင်း လိုလို ကျရာဇာတ်ရုပ်တိုင်း ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ကိုယ်ပိုင် အနုပညာခေတ် တစ်ခေတ် တည်လှစ်နိုင်သူ လည်းဖြစ်၊ ထင်ရှား ကျော်ကြား အအောင်မြင်ဆုံး သရုပ်ဆောင် မင်းသားတစ်ဦး ကတော့ အနုပညာလောကသား တိုင်းကနေ ‘ကိုသားကြီး’လို့ ချစ်စနိုးခေါ်တဲ့ သရုပ်ဆောင် အကယ်ဒမီဒွေးပဲ ဖြစ် ပါတယ်။ အကယ်ဒမီဒွေးဟာ ၂ဝဝ၇ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့က ကွယ်လွန် ဆုံးပါးခဲ့ရာ အခုနှစ်ဆိုရင် ၁ဝနှစ် တိုင်တိုင် ရှိခဲ့ပြီဖြစ်ပေမယ့် ရုပ်ရှင် အနုပညာလောကသား များကရော၊ ဒွေးချစ်သူ ပရိသတ်များကပါ ဒီနေ့ထိ တိုင် မမေ့ပျောက် နိုင် သတိရ လွမ်းဆွတ်နေကြ လျက်ရှိ သလို လူ သာသေဆုံးသွား ပေမယ့် ဒွေးရုပ်ရှင်၊ ဒွေးအနု ပညာ၊ ဒွေး နာမည် တို့ဟာ ရှင်သန်နေ မြဲထင်ကျန် နေဆဲ ဖြစ်လို့ မို့ အကယ် ဒမီ ဒွေးအပေါ် အနု ပညာရှင် တို့ရဲ့ အမှတ် တရ အလွမ်းစကားသံ များ တင် ဆက် ဖော်ပြလိုက်ရပါ တယ်။

ပြေတီဦး

ကိုသားကြီး ဆိုတာက ကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ အမြဲတမ်း သတိရနေမှာပါ။ ဘယ်လို ဖြစ်နေဖြစ်နေ ကိုသားကြီးရဲ့လွှမ်းမိုးမှုက အခုထိ အနုပညာ လောကမှာ ရှိနေတုန်းပါပဲ။ ကိုသားကြီးက မြင်ဆရာ၊ ကြားဆရာ ထဲမှာပါတယ်။ တစ်ခါတလေ ကိုသားကြီးနဲ့ ကျွန်တော်တို့ ရှုတင်မှာ ဆုံခဲ့ဖူးတယ်။ တစ်ခါတလေမှာ အားပေး စကားတွေ ပြောခဲ့ဖူးတယ်။ တကယ့်ဆရာ တစ်ယောက်လိုပါ။ ထူးလည်း ထူးချွန်တယ်။ သူ့လိုမျိုး သရုပ်ဆောင် တစ်ယောက် ဆိုတာ အရမ်းလည်း တန်ဖိုးရှိတယ်။ အမြဲတမ်း သတိရနေမှာပါ။

သူရိယ

ကျွန်တော်တို့ကတော့ ကိုသား ကြီးကို မမီခဲ့ပါဘူး။ သူရိုက်ကူး ခဲ့တဲ့ဇာတ်ကား တွေကိုပဲ အားပေး ရတာပေါ့။ ကိုသားကြီးရဲ့ သရုပ် ဆောင်မှုတွေ ကိုလည်း ကြိုက်တယ်။ အပြင်မှာ တော့ သူ့ကို လူချင်းမတွေ့ ဖူးပါဘူး။ ဒါပေမဲ့ ကိုသားကြီး ဇာတ် ကားတွေ တော်တော်များများ ကို ကြည့်တယ်။ “နှစ် ယောက်တစ် အိမ်မက်” တို့လို ဇာတ်ကား တွေကို ကျွန်တော် ကြည့်လည်းကြည့် ပြီး ကြိုက်လည်း ကြိုက်ပါတယ်။ ဇာတ် ကားတွေက ကြည့်လို့လည်း မရိုး ပါဘူး။ သူ့လို အနုပညာ ရှင်ကောင်း တစ်ယောက်ကြွေလွင့်သွားတဲ့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ အမြဲတမ်း လည်း ကျွန်တော် ဇာတ်ကားတွေကို အားပေးနေပါတယ်။

X.Box

ကျွန်တော်လည်း ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်တော့မှာ ဆိုတော့ အခုခေတ်၊ အရင်ခေတ်က မင်းသားတွေ၊ သရုပ်ဆောင်တွေရဲ့ ဇာတ် ကားတွေကို ပြန်လေ့လာနေရပါတယ်။ အဲဒီမှာ အရင်တုန်းက ဆိုလို့ရှိရင် ဦးသားကြီးခေါ် ဦးဒွေးပေါ့နော်။ သူ့ကို ကြိုက်တယ်။ သူကတော့ ကျွန်တော်မှ မဟုတ်ဘူး။ မြန်မာ တစ်ပြည်လုံး အတိုင်းအတာနဲ့ကို ပရိသတ် ကြိုက်နှစ်သက် အားပေးမှု ရှိခဲ့တဲ့ မင်းသား တစ်ယောက်ပါ။ သူသရုပ်ဆောင်တာ သဘာဝကျတဲ့ အတွက် သဘောကျတယ်။ ပြီးတော့ သူတို့ ရုပ်ရှင်မင်းသားတွေက အရမ်းကို အလုပ် ကြိုးစားတယ်ဗျ။ ကျွန်တော်တို့ အဆိုတော် တွေလည်း ကြိုးစားပါတယ်။ ဒါပေမဲ့ မတူဘူးပေါ့နော်။ ဦးသားကြီးက အရင်ကလည်း အရမ်း အောင်မြင်ခဲ့သလို အခုထက်ထိလည်း ပရိသတ်က အသိအမှတ်ပြုနေတုန်းပါ။ ဇာတ်ရုပ်တွေက တစ်ခုနဲ့တစ်ခု မတူသလို သူ့ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင် တစ်ယောက်ပါ။

ကော်နီ

ကိုသားကြီးက ဒီအနုပညာ လောကက ထွက်ခွာသွားတာ ၁ဝ နှစ် တောင် ရှိခဲ့ပြီ ဆိုပေမယ့် သူ့ရဲ့ အနုပညာက အခုအချိန်ထိ ပရိသတ်ရဲ့ ရင်ထဲမှာ အမြဲတမ်းရှိ နေတာပါ။ သူ့နေရာ ကိုလည်း ဘယ်သူမှအစား မထိုးနိုင်ပါဘူး။ မကော်တို့ အနုပညာရှင်တွေ ရောပရိသတ်တွေ ရင်ထဲမှာပါ ဘယ်တော့မှ မေ့လို့မရတဲ့ အနုပညာ ရှင်တစ်ဦးပါ။ ခုချိန်ထိလည်း အစား ထိုးလို့ မရနိုင်သေးတဲ့ အနုပညာ ရှင်ပါ။

ပိုင်ဖြိုးသု

သုသုနဲ့ ဦးသားကြီးနဲ့က “အနောက် ဘက်ကထွက်တဲ့နေ” ဆိုတဲ့ ဇာတ်ကားမှာ ပထမဆုံး ဆုံဖြစ်ကြတယ်။ ဒီဇာတ်ကား ထဲက သုသုရဲ့ အဖေ လုပ်ရတယ်။ ဦးသားကြီး သရုပ်ဆောင်တော့ သုသုက မော်နီတာ ရှေ့မှာ သွားကြည့်တယ်။ အဲဒီအချိန် မှာ ငိုတဲ့ အခန်းရိုက် နေတယ်။ ကိုယ်ကတော့ ဦးသားကြီးငိုတာ ကောင်းလိုက် တာဆိုပြီးငေး ကြည့်နေမိတယ်။ ဒါပေမဲ့ ဒါရိုက် တာက ကတ်ဒ်လို့ အော်လိုက် တော့ ဦးသားကြီးက နောက်တစ် ခေါက်ပြန်ရိုက်ချင်တယ် ဆိုပြီး ပြန် ပြောတယ်။ ဘာလို့လဲမေးတော့ ကိုညိုမင်း လွင်ကို ဦးသားကြီး ကပြောတယ်။ ငါညာလိုက် တာဆိုတာ ငါသိတယ်တဲ့။ သူ့ဝါ၊ သူ့သမ္ဘာ အရသာ မျက်ရည်ကျတာ သူရင်ထဲက မပါဘူးတဲ့။ အဲဒီအချိန်မှာ သု့သိလိုက်ရတဲ့ သင်ခန်း စာက ရင်ထဲကတကယ် ခံစားရမှ၊ ပရိသတ်ကို မညာဘဲ အနုပညာအပေါ် ရူးသွပ်မှုကို ပြတယ်။ အဲဒီအချိန် တည်းက သင်ခန်းစာ ရလိုက်တယ်။ ဦးသားကြီး ရိုက်တဲ့ဇာတ်ကား တွေထဲမှာ အားလုံး နီးပါးကြိုက်တယ်။ ဦးသားကြီးကလည်း ညီမအနုပညာကို ချစ်တတ် အောင်သင်ပေးတဲ့ မြင်ဆရာတွေထဲမှာ တစ်ဦးပါပဲ။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071