Monday, August 17, 2026

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...
HomeInternationalကြန့်ကြာမှုဖြစ်ခဲ့တဲ့ ဂျပန်ဧကရာဇ်ရဲ့ ဗြိတိန်ခရီးစဉ်...

ကြန့်ကြာမှုဖြစ်ခဲ့တဲ့ ဂျပန်ဧကရာဇ်ရဲ့ ဗြိတိန်ခရီးစဉ် စတင်

ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ ကြင်ယာတော်တို့ဟာ စနေနေ့မှာ တစ်ပတ်ကြာခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိခဲ့ကြပြီး သူတို့နှစ်ဦး သင်ကြားခဲ့ရာ အောက်စ်ဖို့ တက္ကသိုလ်ကို သွားရောက်လည်ပတ်ခဲ့သလို ချားလ်စ်ဘုရင်နဲ့ တရားဝင် ပွဲအခမ်းအနားတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ သို့ပေမယ့် ဧကရာဇ်ဟာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရာ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

နာရူဟီတိုနဲ့ ဧကရီ မာဆာကိုတို့ဟာ ဘုရင်မကြီး အဲလ်လိဇဘက် သက်တော်ထင်ရှားရှိစဉ် ၂၀၂၀ ခုနှစ်ကတည်းက အလည်အပတ်သွားရောက်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နန်းတက်ပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ပြည်ပခရီးအဖြစ် ၂၀၂၂ ခုနှစ်မှာ အဲလ်လိဇဘက် ဘုရင်မကြီးရဲ့ ဈာပနာကို တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၄ နှစ်အရွယ် နာရူဟီတိုက ၁၉၈၀ ခုနှစ်အစောပိုင်းကာလများမှာ သူ ပညာသင်ကြားဖို့ ဗြိတိန်ကို ရောက်ရှိနေခဲ့စဉ်အတွင်း ဗြိတိသျှတော်ဝင်အသိုင်းအဝိုင်းရဲ့ ဖေးမကြင်နာခဲ့မှုတွေအကြောင်း ခရီးစဉ်မတိုင်မီမှာ ပြောပြခဲ့ပါတယ်။

ကံတော်ကုန်ခဲ့ပြီဖြစ်သော ဘုရင်မကြီးက သူမကိုယ်တိုင်ပြုလုပ်တဲ့ လက်ဖက်ရည် သုံးဆောင်ဖို့ သူ့ကို ဘက်ကင်ဟမ်နန်းတော်သို့ ဖိတ်ကြားခဲ့တဲ့အကြောင်းကိုလည်း သူက အမှတ်တရ ပြောပြခဲ့ပါတယ်။

“ဘုရင်မကြီးနဲ့ တော်ဝင်မိသာစုတွေဆီကနေ နွေးထွေးပျူငှာတဲ့ ဧည့်ဝတ်ပြုမှုအမှတ်တရတွေကို ကျွန်တော် အမှတ်ရမိပြီး သူတို့မိသားစုရဲ့ အစိတ်အပိုင်းလို ခံစားမိခဲ့ပါတယ်” လို့ တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့ပါတယ်။

ဂျပန်ဧကရာဇ်ရဲ့ ယခုခရီးစဉ်ဟာ ချားလ်စ်ဘုရင် နန်းသက်မှာ တတိယမြောက် နိုင်ငံတော်ခရီးစဉ်ဖြစ်ပေမယ့် ဘုရင်ကြီး ကင်ဆင်ရောဂါခံစားနေရကြောင်း ယခုနှစ်အစောပိုင်းက ထုတ်ဖော်အသိပေးပြီးနောက်ပိုင်းမှာ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရပါတယ်။

Ref: Arab News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေကြီးများက အဆောက်အအုံ၏ ပထမထပ်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ ဖြစ်စဉ်အတွင်း အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်ပိုင်းဒေသတွင် စနေနေ့မှစတင်၍ မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများ၌ မိုးရေချိန် ၈၀၀ မီလီမီတာအထိ ရှိခဲ့သည်။...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာလျှော့ချရန် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားသည့်အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသရာရောက်ကြောင်း ထရမ့်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိနေချိန်တွင် အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် စိတ်မချမ်းမြေ့ကြောင်းလည်း ၎င်းက ဆိုသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုံးဝဖျက်သိမ်းရန်မှာ နောက်ကျလွန်းနေပြီဖြစ်သဖြင့် လေ့ကျင့်မှုအရွယ်အစားကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071