Thursday, January 16, 2025

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန်...

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့်...

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...
HomeNewsLocal Newsကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၄၈...

ကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၄၈ အထိ တက်လှမ်းနိုင်ခဲ့သည့် သက်ထားသူဇာ

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်သော ကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၄၈ အထိ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကျင်းပခဲ့သည့် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၁၆ ဦးအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့်အတွက် သူမ၏ အဆင့်သတ်မှတ်ချက်မှာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ ၀င်ရောက်မယှဉ်ပြိုင်ခင် သက်ထားသူဇာ၏ ကမ္ဘာ့အဆင့်မှာ အဆင့် (၆၁) ဖြစ်ပြီး World Championship ပြိုင်ပွဲတွင် သူမ၏ကစားသမားဘ၀ ပထမဆုံး ၁၆ ဦးအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အတွက် ယခုအခါ ကမ္ဘာ့အဆင့် (၄၈) အထိတက်လှမ်းနိုင်ခဲ့ကာ ကမ္ဘာ့အဆင့် (၅၀) ၀င်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးကြက်တောင်ကစားသမားလည်းဖြစ်လာခဲ့သည်။

World Championship ပြိုင်ပွဲတွင် အတွေ့အကြုံကောင်းများစွာရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ အိုလံပစ်ချန်ပီယံ စပိန်ကြက်‌တောင်မယ် Carolina Marin နှင့်ယှဉ်ပြိုင်ကစားခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်း Indonesia Master ပြိုင်ပွဲအတွက် ပြင်ဆင်နေကြောင်း သက်ထားသူဇာက အသိပေးထားသည်။

သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံတွင် လာမည့်စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိကျင်းပမည့် BNI Indonesia Master 2023 တွင် အင်ဒိုကြက်တောင်မယ် Stephani Widjaya နှင့် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ကစားဦးမည်ဖြစ်ကြောင်း သိရသည်။

Photo – Badminton Photo Official

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန် ဒေါ်လာဈေးမြင့်တက်လာ

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် (၉) ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သလို (၆) ဦးကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဈေးကွက်အတွင်း၌ တစ်ဒေါ်လာ (၃၀၀)...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။ အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071