Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeInternationalကျွမ်းကျင်လုပ်သားများနှင့်ရင်းနှီးမြုပ်နှံသူများကိုထိုင်းကဆယ်နှစ်ဗီဇာပေးမည်

ကျွမ်းကျင်လုပ်သားများနှင့်ရင်းနှီးမြုပ်နှံသူများကိုထိုင်းကဆယ်နှစ်ဗီဇာပေးမည်

ကျွမ်းကျင်လုပ်သားများနှင့်ရင်းနှီးမြုပ်နှံသူများကိုထိုင်းကဆယ်နှစ်ဗီဇာပေးမည်

ဘန်ကောက်၊ဩဂုတ် ၄

ထိုင်းနိုင်ငံသည် ကျွမ်းကျင်လုပ်သားများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့်အနေဖြင့် ၁၀ နှစ်ဗီဇာကိုလာမည့်စက်တင်ဘာလတွင်စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ယခုအစီစဉ်သည်နောက်ငါးနှစ်အတွင်း ဂျပန်နိုင်ငံနှင့် အခြားအဆင့်မြင့်စီးပွားရေးနိုင်ငံများကို ခေါ်ယူရန်ရည်ရွယ်သည့် လုပ်‌ေဆာင်မှုတစ်ခုဖြစ်သည်။

မော်တော်ကား၊ အီလက်ထရွန်းနစ်နှင့် ဇီဝနည်းပညာကဲ့သို့သော အဓိကကဏ္ဍများကို ယှဉ်ပြိုင်နိုင်စေရန်အတွက် ရေရှည်ဗီဇာကို ထုတ်ပေးခြင်းဖြစ်သည်။

ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ဒုတိယအထွေထွေအတွင်းရေးမှူး Narit Therdsteerasukdi အား နစ်ကေးအေးရှားကတွေ့ဆုံမေးမြန်းရာတွင် ရေရှည်နေထိုင်ခွင့်ဗီဇာသည် မြင့်မားသောစွမ်းရည်နှင့် ကျွမ်းကျင်မှုရှိသော နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များကို ရည်မှန်းကာလုပ်ဆောင်ခြင်းဖြစ်ပြီး စက်တင်ဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်မည်ဟုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်ကားများ၊အီလက်ထရွန်းနစ်၊ဆေးဝါး၊ကာကွယ်ရေး အပါအဝင် စက်မှုနှင့်နည်းပညာ အမျိုးအစား ၁၀ မျိုးကျော်တွင်ပါဝင်သည့် ကုမ္ပဏီ သို့မဟုတ်သုတေသနအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်ကျွမ်းကျင်သူများကို ရှာဖွေနေခြင်းဖြစ်သည်။

အဝေးမှအလုပ်လုပ်လိုသော နိုင်ငံခြားကုမ္ပဏီများမှ အလုပ်သမားများလည်း ဗီဇာအစီအစဉ်အသစ်အတွက် လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နိုင်သည်။ပင်စင်ကဲ့သို့ ခိုင်မာသော၀င်ငွေရှိသည့် အသက် ၅၀ နှစ်အထက်ရှိသော အငြိမ်းစားများနှင့် ဒေါ်လာတစ်သန်းထက်ပိုသော ငွေကြေးပိုင်ဆိုင်မှုရှိသူများလည်း လျှောက်ထားနိုင်သည်။

လျှောက်ထားမှုအောင်မြင်သူများအား ဒစ်ဂျစ်တယ် အလုပ်ပါမစ်ပေးမည်ဖြစ်သည်။အစိုးရသည် ဗီဇာအမျိုးအစား‌ ပေါင်းစုံအတွက် တခါတရံ ၃၅% မှ ၁၇% ထိရှိသည့် ဝင်ငွေခွန်နှုန်းကိုလည်း လျှော့ချပေးမည်ဖြစ်သည်။

ဗီဇာအသစ်ကိုင်ဆောင်သူများကိုအလုပ်ခန့်ထားသည့်ကုမ္ပဏီများအတွက်လည်း ထိုင်းနိုင်ငံသားလေးဦးကို အလုပ်ခန့်ပြီးမှ နိုင်ငံခြားအလုပ်သမားတစ်ဦး အလုပ်ခန့်ရမည်ဟူသော စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။

ကင်းလွတ်ခွင့်သည် အသေးစားနှင့် အလတ်စားကုမ္ပဏီများအပြင် ယခုမှစတင်လုပ်ငန်းပျိုးထောင်သူများအတွက်ပါ ဗီဇာအစီအစဉ်အသစ်ကို အသုံးပြုနိုင်စေရန်သတ်မှတ်ထားသည်။

ဗီဇာအသစ်သည် ကျွမ်းကျင်ပညာရှင်များ နှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ထိုင်းနိုင်ငံမှရည်ရွယ်သည့် တတိယမြောက်နည်းလမ်းဖြစ်သည်။လက်ရှိအစီအစဥ်နှစ်ခုတွင် ဗီဇာအလုပ်ပါမစ်ပံ့ပိုးကူညီမှုအစီအစဉ်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ အတွင်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများမှ ကုမ္ပဏီအမှုဆောင်များနှင့် ကျွမ်းကျင်ပညာရှင် ၅၀,၀၀၀ ကိုခေါ်ယူနိုင်ခဲ့သည်။

အများဆုံးလေးနှစ်အထိ နေထိုင်ခွင့်ပေးသည့် Smart Visa အစီအစဉ်သည် ၂၀၁၈ ခုနှစ်၌ ပွဲဦးထွက်စတင်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်ကိုဗီဇာထုတ်ပေးခဲ့သည်။ထိုလူအများစုသည် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုရှိသော ရင်းနှီးမြှုပ်နှံသူများ နှင့် စွန့်ဦးတီထွင်သူများဖြစ်ပြီး အမေရိကနှင့် ဥရောပတို့မှဖြစ်သည်။

BOI မှမစ္စတာ Narit ကမူ နှစ်ရှည်ဗီဇာအသစ်လျှောက်ထားသူများသည် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊အမေရိကနှင့် ဥရောပတို့မှ လာမည်ဟုမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အစီအစဉ်၏ စီးပွားရေး အကျိုးသက်ရောက်မှုများအပေါ် အသေးစိတ် ခန့်မှန်းချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပျမ်းမျှအားဖြင့် ဗီဇာအသစ်ကိုင်ဆောင်သူများသည် လူတစ်ဦးလျှင် ဘတ် ၁ သန်း သုံးစွဲရန် ခန့်မှန်းထားပြီး ကာလတိုအတွင်း စုစုပေါင်း ထိုင်းဘတ်ငွေ ၁ ထရီလီယံ (ဒေါ်လာ ၂၇ ဒသမ ၆ ဘီလီယံ) သုံးစွဲမှုနှင့်ရင်းနှီးမြှုပ်နှံမှုများရနိုင်မည်ဟု ဘုတ်အဖွဲ့ကမျှော်မှန်းထားသည်။

စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်အသစ်များဖန်တီးရန် ဒေသတွင်း၌ ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင် ထိုင်းနိုင်ငံ၏ နှစ်ရှည်ဗီဇာအသစ်များ ထုတ်ပေးမှုထွက်ပေါ်လာခြင်းဖြစ်သည်။

ကပ်ရောဂါဘေးမှ အပြင်းအထန်ရိုက်ခတ်လာသော ခရီးသွားလုပ်ငန်းကို ကျောထောက်နောက်ခံပြုသူများကလည်း ဗီဇာအစီအစဉ်အသစ်ကို လက်ခံကျင့်သုံးရန် နိုင်ငံတော်ကိုတွန်းအားပေးခဲ့ကြသည်။

Source – Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071