ယနေ့ ညနေပိုင်း၌ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Lumpinee Super Fight ပွဲစဉ်တွင် မြန်မာ့လက်ဝှေ့ အကျော်အမော် ကျော်စွာဝင်းသည် ထိုင်းဖိုက်တာ ပတ်သွန်ချိုင်းကို အတွင်း ဒုတိယအချီတွင် အလဲထိုးအနိုင်ရရှိခဲ့သည်။
ယနေ့ နိုဝင်ဘာ(၂၂ )ရက် ညနေ (၅)နာရီအချိန်က စတင်ကျ င်းပသည့် Lumpinee Super Fight ပွဲစဉ်တွင် မြန်မာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ပမထအချီကတည်းကပင် အသာစီးဖြင့် ဆော့ကစားနိုင်ခဲ့ခြင်းဖြ စ်သည်။
ထို့နောက် ဒုတိယအချီတွင် ညာဖြောင့်လက်သီးဖြင့် ပြိုင်ဘ က်ကို တစ်ကြိမ် ဦးစွာထိုးနှက်နိုင်ခဲ့ပြီး များမကြာမီ ညာဖြောင့်လက်သီး တစ်ချက်ထပ်ထိုးကာ ပြိုင်ဘက်ဖြစ်သူအား အ နိုင်ရရှိခဲ့ခြင်းဖြစ် သည်။
ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံမှ နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး မြန်မာပြည် အ လွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။
