ထိုင်းလိဂ် (၂) ကလပ် Phrase United သည် လာမည့်ရာသီအတွက် မြန်မာတိုက်စစ်မှုး ကျော်ကိုကို ကို ပြန်လည်ခေါ်ယူလိုက်ကြောင်း ဇူလိုင် ၁၈ ရက်တွင် တရား၀င်အသိပေးလာသည်။
ကျော်ကိုကိုသည် ယခင်က Phrase United တွင်ကစားခဲ့ဖူးသည့် ကစားသမားဟောင်းလည်းဖြစ်ကာ ၁၂ ပွဲကစားပြီး ၃ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးနိုင်ခဲ့သည်။
ထိုင်းလိဂ်(၂)ကလပ် Phrase United သည်မကြာမီပြန်လည်ကျင်းပမည့် ၂၀၂၃/၂၄ ရာသီအတွက် ကျော်ကိုကို ကို တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်သည်။
အသက် (၃၀) အရွယ်ရှိ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကိုသည် ဇေယျာရွှေမြေတွင် Professional ဘောလုံးသမားဘ၀ကို စတင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်၊ ထိုင်းကလပ်များဖြစ်သည့် Chaingrai United, Samut Prakan City, Sukhothai FC, Chaingmai United နှင့် Rayong FC တို့တွင်လည်း ကစားခဲ့သူဖြစ်သည်။