၂၀၂၅ ခုနှစ်၊ အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဆဋ္ဌမနေ့တွင်ကျောက်စိမ်းအတွဲပေါင်း ၇၁၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပနေခြင်းဖြစ်သည်။
ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၂၀၀၁) မှ (၂၉၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံများအတွင်း ထည့်သွင်းခဲ့ကြသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။
ကျောက်စိမ်းအုပ်စု (အေ၊ ဘီ နှင့် စီ) အတွဲပေါင်း ၅၀၅၈ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးလျက်ရှိရာ ပြပွဲ ပဉ္စနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁ဝဝဝ အနက် ၇၅၄ တွဲ၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁ဝဝဝ အနက် ၇၁၆ တွဲတို့ကို ရောင်းချပေး နိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲပေါင်း ၃၀၈၅ တွဲ ကို နိုဝင်ဘာလ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
