ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်အတွင်းရှိ စခ န်းသာကျေးရွာတွင် ယမန်နေ့ (၉) ရက် ည (၁၂)နာရီအချိန်ခန့်က မိုးသက်လေပြင်းကျရောက်ခဲ့ရာမှ ကျေးရွာအတွင်းနေအိမ်(၃၀)ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်အမြစ်တစ်ဦးက ပေါ်ပြူနာနယူးစ်သို့ ပြောသ ည်။
ထို့ပြင် စာသင်ကျောင်းအမိုးများ၊ ဘုန်းကြီးကျောင်းအုတ်တံတိုင်း(၁၅)ခန်းခန့် နှင့် ကျောက်မဲဘက်မှ နောင်ပိန်ဘက်သို့ပို့လွတ်သော ဓာတ်တိုင် (၁၈)လုံးကျိုးကျပျက်ဆီးခဲ့ပြီး လျှ ပ်စစ်မီးများ ယခုအချိန်အထိ ပြတ်တောက်နေကြောင်း သိရသည်။
“မနေက ည(၁၂)နာရီလောက်မှာ လေရောမိုးရောတိုက်တာ။ တောင်ယာခင်းကစိုက် ပျိုးထားတဲ့ သီးနှံတွေရော အိမ်မွေးတိရိစ္ဆာန် တစ်ချို့သေဆုံးတယ်။ မီးက တော့ ကျောက်မဲမြို့ဘဲရတယ်။ နောင်ပိန်ဘက် တစ်ခြမ်းက ရွာတွေ မီးမရတော့ဘူး။ လေရောမိုးရေ (၄၅) မိနစ် ကျော်ကျော် လောက်တိုက် သွားတာ “ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညပိုင်း မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီး တစ်ဖက်တစ်ချက်ရှိ သစ်ပင်များ လည်း ပြိုလဲမှုဖြစ်ပွားခဲ့သဖြင့် ယာယီလမ်းပိတ်ဆို့မှုများဖြ စ်ပေါ်ခဲ့သေးကြောင်း သိရသည်။









