ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့
ကြောင်းသိရသည်။
အောက်တိုဘာ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိ၌ ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းတို့ဖြင့်လည်း ကျောက်မဲမြို့ပညာရေးကိုဆောင်ရွက်နေပြီ ဖြစ်သည်။
ထိုကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိနေပြီး ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၅၈၉ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၃၆၃၆ ဦး ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
