အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ စက် တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွဘက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အဘတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆင့် (၂)အဖြစ် ဆောင်ရွက်လျက်ရှိသောကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပြည်ပမှ မှာယူထားသော တည်ဆောက်ရေးပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပါက အမြန်ထုတ်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လက်ရှိဓာတ် အားပေးစက်နှစ်လုံးမှ ဓာတ်အား (၉၀) မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိရာမှ (၁၂၀) မဂ္ဂါဝပ်သို့ တိုးမြှင့်၍ ဓာတ်အားထုတ်လုပ်သွား နိုင်မည်ဖြစ်သည်။