Friday, December 6, 2024

ဒေသအသီးသီးသို့ စစ်ရှောင်နေကြသည့် ရှမ်း/မြောက် စစ်ဘေးရှောင်အချို့...

ရှမ်း/မြောက် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ဒေသအသီးသီးသို့ စစ်ဘေးရှောင်နေကြသည့်သူအချို့ ယခု ဒီဇင်ဘာလအတွင်း နေရပ်ပြန်လာခြင်းများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယခုလ ဒီဇင်ဘာ (၃)ရက်တွင်...

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့်...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ...

တောင်ကြီးမြို့တွင် စစ်‌ဘေးရှောင်ကလေးငယ်များအတွက် ကလေ-းပျော် စင်တာ(၂)ခု...

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြိုသို့ လာရောက်ခိုလှုံနေထိုင်ကြရသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာ (၂)ခု ကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက...
HomeNewsLocal Newsကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သ...

ကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သ ဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံလုပ်ငန်း စ တင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အား ထွက်ရှိမည်ဖြစ်၍ ဒေသအတွက် များစွာအကျိုးရှိနိုင်ဟု နစက ဒု-ဥက္ကဋ္ဌပြော

ကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သ ဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးစက်ရုံလုပ်ငန်း စ တင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်၍ ဒေသအတွက်များစွာအကျိုးရှိနိုင်ဟု နစက ဒု-ဥက္ကဋ္ဌပြော

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှုးကြီးစိုးဝင်းမှကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ ဇွန် ၁၄ ရက်က သွားရောက်ကြည့်ရှုစဥ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဒု-ဥက္ကဋ္ဌအား စီမံကိန်းနှင့်ပတ်သက်၍ စီမံ ကိန်းတာဝန်ခံဦးအောင်ကိုလတ်နှင့်ဒု-မန်နေဂျာဦးမင်းသွင်ခန့် တို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခဲ့ကြသည်။

“စက်ရုံလုပ်ငန်းစတင်လည်ပတ်ရင် ၁၃၅ MW ဓာတ်အားထွက်ရှိမှာဖြစ်ပြီး ၁ ယူနစ်ကို ၈ ဒသမ ၅၉ ဆင့်နှုန်းနဲ့ ဖြန့်ချိနိုင်မှာဖြစ်တာကြောင့် ဒေသအတွက်များစွာအကျိုးရှိနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စက်ရုံစီမံကိန်းအကောင်အထည်ဖော်မှု၊စက်ရုံလည်ပတ်ချိန်၌ သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုမရှိစေရေးအတွက်ဆောင်ရွက်ရန်၊စက်ရုံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ပညာရေးနှင့်ပတ်သက်သည့် Corporate Social Responsibility(CSR)လုပ်ငန်းဆောင်ရွက်နိုင်မှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ စီမံကိန်းဆောင်ရွက်မှုအား သတ်မှတ်စံချိန်စံနှုန်းများပြည့်မီစွာ ရည်မှန်းကာလအတွင်းပြီးစီးဆောင်ရွက်ရန်၊စီမံကိန်းအကောင်အထည် ဖော်မှုသတ်မှတ်ကာလအတွင်း၌ ရုပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့် ပညာရှင်များရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများအား နစက ဒု-ဥက္ကဋ္ဌမှပြောကြားခဲ့သည်။

တည်ဆောက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း စက်ရုံ၌ မြန်မာနိုင်ငံ၌ ပထမဆုံးအသုံးပြုမည့် ဂျာ မနီနိုင်ငံမှထုတ် စွမ်းအားအမြင့်ဆုံးနှင့်သဘာဝ ဓာတ်ငွေ့သုံးစွဲမှုအသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်ရုံလည်ပတ်စဉ်ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း (EPGE)မှ အင်ဂျင်နီယာများအား စက်ရုံသို့ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု၊ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာနည်းပညာများအား လွှဲပြောင်းဆောင် ရွက်ပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသအသီးသီးသို့ စစ်ရှောင်နေကြသည့် ရှမ်း/မြောက် စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာ

ရှမ်း/မြောက် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ဒေသအသီးသီးသို့ စစ်ဘေးရှောင်နေကြသည့်သူအချို့ ယခု ဒီဇင်ဘာလအတွင်း နေရပ်ပြန်လာခြင်းများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယခုလ ဒီဇင်ဘာ (၃)ရက်တွင် နေရပ်ပြန်လာသူ (၁၉)ဦးနှင့် (၄)ရက်တွင် နေရပ်ပြန်လာသူ (၈)ဦး တို့အား နောင်ပိန်မြို့နယ် ကမ်းလင့်လက်လူမှုကူညီရေးအသင်းရုံး၌ တစ်ညတာ ယာယီတည်းခိုခွင့်ပြုခဲ့ရကြောင်း သိရသည်။ " အပစ်ရပ်ပြီးနှစ်ဘက်ညှိနှိုင်းမှုတွေလုပ်ဖို့ သတင်းတွေထွက်လာတာရယ်၊ လက်ရှိ ဒီဘက် တိုက်ပွဲဖြစ်လာတာအရှိန်လျော့လာတယ်လို့ ကြားတာကြောင့် ပြန်ကြတယ်လို့မြင်ပါတယ်။ မပြန်လို့လည်းမရဘူး။ ကုန်ဈေးနှုန်းတွေကြီး၊ အိမ်ငှားခတွေက မြင့်နေတော့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာပဲပြန်ချင်ကြတာ။ နောက်ပိုင်းပြန်မယ့်သူတွေလည်း အခြေအနေစောင့်ကြည့်နေတာမျိုးတွေရှိနေပြီ"ဟု...

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့် (၂၀၂၅) ခုနှစ်၌ စတင်မည်ဖြစ်ကာ အခြေခံပညာကျောင်းများရှိ ကလေ-းများကို ဘောလုံးပညာ သင်ကြားခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ အထက်ပါ ပရိုဂရမ် စီမံကိန်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ ယင်းအစီစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေး ရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ နေအိမ်အတွင်း၌ Online အ သုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား အမျိုး သား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071