Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeNewsLocal Newsကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ...

ကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိတော်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဒ္ဒန္တ ပညာသာရ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၂)ဝါသည် သီ တင်းသုံးနေထိုင်တော်မူလျက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအ ထားဖြင့်ပင် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။

နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီးအား ၁၉၄၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ အဖ ဦးလှရွှေ၊ အမိ ဒေါ်အေးတင်တို့မှ သားဦးရတနာအဖြစ်ဖွားမြင်တော်မူခဲ့ပြီး မွေးချင်းညီအကို(၃)ဦးတွင် အကြီးဆုံးဖြစ်သည်။

အသက်(၇)နှစ်သားအရွယ်တွင် ယုန်သလင်း ကိုးတောင်ပြည့်ကျောင်းဆရာတော်ဦးသြဘာသကို ဥပဇ္စျာယ်ပြု၍ သာမဏေအဖြစ်ရောက်ရှိကာ ဘွဲ့တော်မှာ ရှင်ပညာစက္ကဖြစ်သည်။

မဟာထေရ်မြတ်ကြီးလောင်းလျာသည် မြန်မာ၊ ပါဋ္ဌိ၊ အင်္ဂလိပ်၊ ဝေဒ၊ သာမုန္ဒြိက၊ ဘေသဇ္ဇ၊ စိတ္တဗေဒ အစရှိသော လောကီ၊ လောကုတ္တရာကျမ်းပေါင်းများစွာကို ငယ်စဥ်မှစ၍ သေချာစွာကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုက်စားခဲ့သည်။

၁၃၃၁ ခုနှစ်တွင် မြင့်မြတ်သောရဟန်းဘဝအား စတုတ္ထမြောက် ဘုရားကြီးဆရာတော်ဘုရားအား ဥပဇ္စျာယ်ပြုကာ ရောက်ရှိတော်မူခဲ့သည်။ ထို့ပြင် ဟ င်္သာတမြို့၊ ကျေးဇူးရှင်ဆရာတော်ကြီးများနှင့် ပြည်မြို့၊ နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီး၊ ပါဒ ဆရာ တော်ဘုရားကြီးတို့၏ ဥပနိဿယများကိုရရှိ၍ ဓုတင်(၁၃)ပါးကို (၃၆၅)ရက်တိတိဆောက်တည်ပြီး သမထ၊ ဝိပဿနာကျင့်စဥ်များကို အောင် မြင်တော်မူခဲ့ပြီး ဓုတင်(၉)ပါးကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။

နေ့စဥ် မလဲမလျောင်းဘဲကျင့်ကြံပွားများအား ထုတ်ခဲ့သည်မှာ ဓုတင်ရက်ပေါင်း(၁၈၆၀၀) ကျော်ရှိခဲ့သည်။ ဗုဒ္ဓဥာဏ်တော်(၆)ပါး၊ ဓုတင် (၉)ပါး၊ ကမ္မဌာန်း(၁၁)ပါးနှင့် မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို နေ့စဥ် ကျင့်ကြံပွားများအား ထုတ်ခဲ့သည်မှာလည်း နှစ်ပေါင်း(၅၀)ကျော်ရှိတော်မူခဲ့သည်။

ပဋိပတ္တိသာသနာတော်ကို ကြိုး စားအားထုတ်တော်မူသည့်နည်းတူ ပရိယတ္တိသာသနာအဖြစ် ဓမ္မဒါနမျိုးပေါင်း(၁၀၀)ကျော်ကိုရေးသားပြုစု၍ ပြည်တွင်း၊ ပြည်ပ ဓမ္မဒါနများပြုလုပ်လှူဒါန်းတော်မူခဲ့သည်။ စတုတ္ထဘုရားကြီးဆရာတော်မှ ရွှေထီးတော်မြတ်ဆုကို ဓမ္မပူဇာအဖြစ် ချီးမြှင့်တော်မူခဲ့သည်။

ထို့အတူ  နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီးသည် တရားဟောကြားချီးမြှင့်တော်မူခြင်းအပြင် စိတ်ထားပြည့်ဝတရားရ၊ ပန်းဝင်အရေးကြီးတယ် စသည့်စာစောင်ငယ်များကို အင်္ဂလိပ်-မြန် မာ နှစ်ဘာသာဖြင့် ဓမ္မဒါနဖြန့်ဝေလှူဒါန်းတော်မူခြင်းများကို ပြည်ပသာသနာပြုလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်တော်မူခဲ့သည်။

ထို့ပြင် ဆွမ်းလွတ်အဓိဋ္ဌာန်ကို ပြည်ပတွင်(၇)ရက်၊ ပြည်တွင်းတွင်(၁၇)ရက်(စုစုပေါင်း ၂၄ ရက်)ကျင့်တော်မူခဲ့သည်။ရန်ကုန်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓညီလာခံ တွင် ကမ္ဘာ့ ဂန္တဝင် သာသနာ့သင်ခန်းစာ ကျမ်းစာအုပ်ကြီးများ ကို CD ချပ်များနှင့်တကွ ဓမ္မဒါန ပြုခဲ့သည်။ ဗုဒ္ဓ တရားတော်များ၏ အနှစ်အသား တို့ကို အစီစဥ်တကျ ပူဇော် နိုင်ရန် ဓမ္မစေတီတော် ၆ဆူ ဘုရားရှစ်ခိုး ကို အနှစ်ထုတ်ပေးခဲ့ရာ တပည့်ဒကာ များအလွန်အကျိုးများလျှက်ရှိသည်။ သမထ ၊ ဝိပဿနာ နှစ်ဖက်လုံး အတွက် မေးသမျှမေးခွန်းကို ကျေနပ်အောင် ဖြေဆိုရှင်းပြနိုင်သော ဆရာတော်ကြီးလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရမှ နဝဓုတင်္ဂါစာရ မ ဟာထေရ်မြတ်ကြီးအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီ ၄ ရက်တွင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ တံဆိပ်တော်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်တော်မူခဲ့ကြသည်။

မဟာထေရ်မြတ်ကြီးသည် သာသနာနှစ် ၂၆၀၀ ပြည့်နှစ် ဌာပနာ တိုက်ပိတ်ပွဲအဖြစ် “မင်းနှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲအားခဲထားကြ၊ အဲဒါ ဗျာဒိတ်သဘောဘဲ”ဟု သာသနာ့မော်ကွန်းသစ္စာကို မိန့်ကြားချီးမြှင့်တော်မူကာ သာသနာ့သစ္စာ မော်ကွန်းတော်ကြီးအနေဖြင့် (၉)ပေအမြင့်ရှိသော ကျောက်စာတော်ကြီးကို အထူးရေးသားပူဇော်တော်မူခဲ့သည်။

ကျမ်းပေါင်းများစွာကိုလည်း ရေးသားပြုစုတော်မူခဲ့ပြီး ညစဥ် ပဋ္ဌာန်းတရားရွတ်ပွားပူဇော်တော်မူခြင်းအပါအဝင် ဝိပဿနာတရား‌တော်များကို ဟောကြားချီးမြှင့်တော်မူ၍ ရဟန်းရှင်လူများက အထူးကြည်ညိုလေးစားပူဇော်ကြသည့် သာသနာ့အာဇာနည် သာသနာ့ကျက်သရေဆောင် မထေရ်မြတ်ကြီးဖြစ်သည်။

ကျေးဇူးတော်ရှင် မထေရ်မြတ်ကြီး ပျံလွန်တော်မူခဲ့ခြင်းမှာသာသနာတော်အတွက် အားလျော့ရသော်လည်း ဆရာတော်ကြီး၏ မဟာကရုဏာ ဓါတ်ကြီးက လွှမ်းပတ်ခြုံပေးထားမည်ဟု ယုံကြည်ရင်း ဆရာတော်ကြီး၏ အာဘော်အတိုင်း ​အေး​အေးချမ်းချမ်း၊ခိုင်ခိုင်မာမာ ကျောက်ထီးပမာ သာသနာပြု နိုင်ကြပါစေ ဟု ဆန္ဒပြု ပူဇော်လိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ဆီးဂိမ်း ယူ -၂၂ အမျိုးသား ဘောလုံးအသင်း ကစားသမားများ ရွေးချယ်မည်

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေမည်

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ "ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍ လူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲက ဖမ်းဆီးခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထု‌ကြေငြာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071