Wednesday, May 28, 2025

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မန်ချက်စတာ...

ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံအောစတား(ASEAN-All Stars)အသင်းသည် ယနေ့ မေလ (၂၈) ရက်၌ မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ASEAN-All Stars...

ရာစုတစ်စုမက ပြည်တည်လာသည့် စစ်ပွဲ

ရက်ပေါင်း ၆၀၀ ရှိလာသည့်အစ္စရေးနှင့် ပါလက်စတိုင်း လက်ရှိစစ်ပွဲ၏ နောက်ခံ ပဋိပက္ခသည် ကာလကြာရှည်စွာရှိခဲ့ပြီး ယခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပေ။အရှေ့ဘက်တွင် ဂျော်ဒန်မြစ်နှင့် အနောက်ဘက်တွင် မြေထဲပင်လယ်ကြားရှိ...

နိုင်ငံတကာမှ ထောက်ပံ့သည့် ပစ္စည်းများကို ငလျင်ဘေးဒဏ်သင့်...

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊...

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်‌ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...
HomeNewsLocal Newsကျောက်ဆည်ရှိ အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံး...

ကျောက်ဆည်ရှိ အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံး မှ အဆောက်အအုံ (၂၃၀) လုံးအားရှင်းလင်းဆောင်ရွက်နိုင်ခဲ့

မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ရှိ ထိခိုက်ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးအနက်မှ အဆောက်အအုံ (၂၃၀) လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိငလျင်ဒဏ်သင့် အဆောက်အအုံများကို SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လက်ရှိအချိန်အထိ အဆောက်အအုံ (၅၈၂၇)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ (၅ ၅၃၈)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးမှ အဆောက်အအုံ (၂၃၀)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ (၅၉)လုံးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့်ရရှိရေးကို ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စီမံဆောင်ရွက်ပေးခဲ့ပြီး မေလ(၄)ရက်တွင် ဟိုပုံးမြို့မှ ထုတ်လုပ်သော ရှမ်းရိုးမဘိလပ်မြေ (၈၉၆၂)အိတ်၊ ကျောက်ဆည်မြို့၊ M-Steel သံမဏိစက်ရုံမှ ထုတ်လုပ်သော (HRB-400) 10mm (3.9kg) သံချောင်း (၂၃.၂၅) တန်၊ (HRB-400) 16mm (11.5kg) သံချောင်း (၄၂.၇၅)တန်နှင့် ကျောက်ဆည်မြို့၊ ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (Jew ellery Luck Production Company) သစ်အချောထည်စက်ရုံမှ ထုတ်လုပ်သော 7mm(grade-B) အထပ်သား (၄၈ ၅)ချပ် အသီးသီးတို့အား ပြည်သူများလက်ဝယ်သို့ တိုက် ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် အသင်းဖော်များနှင့် လေ့ကျင့်နေပြီဖြစ်သည်။

ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံအောစတား(ASEAN-All Stars)အသင်းသည် ယနေ့ မေလ (၂၈) ရက်၌ မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ASEAN-All Stars အသင်းတွင် မြန်မာ၊ ဗီယက်နမ်၊ တီမောနှင့် ကမ္ဘောဒီးယားစသည့် အာဆီယံနိုင်ငံပေါင်း(၁၂)နိုင်ငံမှလက်‌ရွေးစင်ကစားများကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ရွေးချယ်ခေါ်ယူ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရာစုတစ်စုမက ပြည်တည်လာသည့် စစ်ပွဲ

ရက်ပေါင်း ၆၀၀ ရှိလာသည့်အစ္စရေးနှင့် ပါလက်စတိုင်း လက်ရှိစစ်ပွဲ၏ နောက်ခံ ပဋိပက္ခသည် ကာလကြာရှည်စွာရှိခဲ့ပြီး ယခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပေ။အရှေ့ဘက်တွင် ဂျော်ဒန်မြစ်နှင့် အနောက်ဘက်တွင် မြေထဲပင်လယ်ကြားရှိ အစ္စရေးနှင့် ပါလက်စတိုင်းတို့ နိုင်ငံနယ်မြေပိုင်ဆိုင်ရေး တောင်းဆိုမှုပဋိပက္ခများဖြင့် ပုံဖော်ထားသော်လည်း နက်နဲသော သမိုင်းအခြေခံအရင်းအမြစ်များစွာရှိသည်။ နိုင်ငံတကာကလည်း ပထဝီနိုင်ငံရေးအရ တွက်ဆမှုကိုယ်စီဖြင့် ဘက်နှစ် ဘက်လုံးကို အစီအစဉ်မျိုးစုံ၊ပုံစံမျိုးစုံဖြင့် လှုပ်ရှား ပံ့ပိုးပေးခဲ့ကြလေသည်။  အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ကုလသမဂ္ဂ၏ ၁၉၄၇ ကနဦး ကုလသမဂ္ဂ ခွဲခြားရေးအစီအစဉ် မှ ၁၉၇၃  ယုံကပူးရ်စစ်ပွဲ၊ မကြာသေးမီ ၂၀၂၃ အောက်တိုဘာလတွင်...

နိုင်ငံတကာမှ ထောက်ပံ့သည့် ပစ္စည်းများကို ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျ-က်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။ ယခုအခါ မေ (၂၀) ရက်မှ (၂၇) ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071