မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို “ရမန်းချောင်း ကြိုးပြင်ကာကွယ်တော” အဖြစ် ဧပြီလ (၃၀)ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ရော်၊ ပိုးမဲဇာ၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိလာနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တို-က်ဖျ-က်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေထိ န်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခို-က်မှုလျော့နည်းသက်သာစေရန်၊ မြေဆီ လွှာတို-က်စားမှုများအား တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ကြိုးဝိုင်း /ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။