ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက် ခက်ကျေးရွာ၊ ကျောက်ခက်သက်ြန်ပွဲ တော် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်ရိုးရာလက်ဝှေ့ဖိုက်တာသွေးသစ်ဝင်းလှိုင်နှင့်
အီရန်ဖိုက်တာ အားလီတို့ ယှဉ်ပြိုင်ထိုးသတ်ရာ သွေးသစ်ဝင်လှိုင်က ပထမအချီ၌ပင် ပြိုင်ဘက်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲသည်။
ရိုးရာဖိုက်တာ သွေးသစ်ဝင်းလှိုင်၏ ခြေကန်ချက်ကြောင့် ပြိုင်ဘက်အီရန်ဖိုက်တာ လက်ကျိုးခဲ့ကာ ဒိုင်ပွဲရပ်ဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျောက်ခက်သင်္ကြန်ပွဲတော်တွင် ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်အပါအဝင် သံမဏိစိုးလင်းဦး၊ သပြေညို စသည့် လက်ဝှေဖိုက်တာများ ယှဉ်ပြိုင်ထိုးသတ်ခဖြ့ကြပြီး သုံးရက်တာပြိုင်ပွဲအတွင်း တွဲဆိုင်းပေါင်း(၄၂)တွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။
မြဝတီမြို့ ကျောက်ခက်သက်ြန်ပွဲတော်အား ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော် (DKBA)ကကြီးမှူး၍သောင်ရင်းမြစ်ကမ်းနဘေးတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး၊ ဒေသခံပြည်သူ ရာနှင်ချီ၍ လာရောက်လည်ပက် ရေကစားကြသည့်နေရာတစ်ခုလည်းဖြစ်သည်။