Friday, February 13, 2026

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...
HomeNewsLocal Newsကျုံအိတ်တံတားအား ယာယီ ဘေလီတံတား...

ကျုံအိတ်တံတားအား ယာယီ ဘေလီတံတား ထိုးရန်ပြင်ဆင်နေစဥ် Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရပြီး လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နှင့် ဘီးလင်းမြို့အကြားရှိ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန်ပြင်ဆင်နေစဥ် ယနေ့ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ယာယီဘေလီတံတားထိုးရန် ပြင်ဆင်နေသည့် တံတားပြင်ဆင်ရေးအဖွဲ့ဝင်များအား Drone ယာဥ်များအသုံးပြုကာ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ယာယီဘေလီတံတားထိုးဖို့ ပစ္စည်းတွေချနေတာတွေ့တယ်။ ယာယီဘေလီ တံတားထိုးပြီးရင် သွားလာရပိုလွယ်သွားမယ်လေ။ အခုမနက်ကျတော့ ဘေလီတံတား ထိုးဖို့လုပ်နေတဲ့အဖွဲ့ကို ဗုံးနဲ့ထပ်ပြီး တိုက်ခိုက်ခံရတော့ ပြင်ဆင်ချိန်ထပ်ကြာသွားတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လမ်းအကျယ် ၄၁ ပေခန့်ရှိသည့် ကျုံအိတ်တံတားမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုင်းခွဲဖျက်ဆီးခံရသဖြင့် ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာနေသည့်ကားများမှာ ကောင်းမွန်သည့်တံတားဘက်ခြမ်းတွင်သာ ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်နေမှုကြောင့် ယာယီဘေလီတံတားထိုးရန်မှာ လုံခြုံရေးအခြေအနေအရ ဆောက်ရွက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ပုံစာ – မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားအား တွေ့ရစဉ် (ပုံအဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway မေတ္တာရပ်ခံ

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိသည် ရုံး ပိတ်ရက်ရှည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်သို့ ခရီးသွားလာမည့် ခရီးသွားယာဉ်များများပြား၍ Toll Plaza များတွင် ကြန့်ကြာမှုတစ်စုံတစ်ရာဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုသို့ ကြန့်ကြာမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး၊ ခရီး သွားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက်လည်း Max Highway မှကြိုတင်ပြင်ဆင်စီမံထားရှိပြီးဖြစ်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားကြောင်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။ ပြည်ပနိုင်ငံများဖြစ်သည့် မဒါဂတ်စကား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071