ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မြို့နယ်မှ သန်းခေါင်စာ ရင်းနှင့် မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသွားသူများ၊ မှတ်ပုံတင်မရှိသေးသူများကိုထုတ်ပေးခြင်း၊ UID နံပတ်ထုတ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်က ကျုံပျော်မြို့၌ One Stop Service ဖြင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှကြည့်ရှုစစ်ဆေး၍ လာရောက်ပြုလုပ်သူ များအားနှုတ်ဆက်ပြီး မှတ်ပုံတင်ကတ်ပြားများကို ကာယကံရှင်များထံ တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၈ ရက်တွင်စတင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်အခွင့် အရေးဆုံးရှုံးမှုမရှိစေရေးအတွက် ပန်းခင်းစီမံချက်များဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းတို့ကို နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပြီး မှတ်ပုံတင်ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ UID နံပါတ် တစ်ပါတည်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။
