ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊လွိုင်မွေဒေသ၏ ဒုတိယအကြိမ်မြောက် ချယ်ရီပန်းပွဲတော်-၂၀၂၃ အား လွိုင်မွေတောင် စခန်း၊စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီးရှိ ချယ်ရီပင်တန်းတွင် ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်မွေဒေသ၏ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးနှင့်ချယ်ရီပင်များ ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးတို့အတွက် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
ချယ်ရီပန်းပွဲတော်-၂၀၂၃ ကျင်းပချိန်၌ နံနက် ၉ နာရီမှ ၁၁ နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသထွက်ရိုးရာပစ္စည်းအရောင်းဆိုင်များ၊ဝိုင်များ၊အစားအစာများ၊ဒေသထွက်ကုန်များ၊လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်အကြောင်း ပြခန်းများကိုလည်း ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
