Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို လှောင်ထားပြီးဖြစ်ရာ တာဘိုင် Unit (1) နှင့် (2) လည်ပတ်၍ လျှပ်စစ်ဓာတ်အားများစတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရေဧကပေ (၃၅၀,၀၀၀) ခန့်သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ ယင်းရေလှောင်တမံနှစ်ခုတို့မှ ရေအားလျှပ်စစ်ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာဧက (၁၂၀,၀၀၀) ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာရရှိစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန်ဆောင်ရွက်ထားရှိမှုတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071