မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ ကျက်သရေဆောင် ကျိုက်သလ္လစေတီတော်မြတ်ကြီးအား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းကဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ယာယီသမ္မတမှ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ မော်လမြိုင်မြို့ညနေ နေဝင်ချိန်ရှုခင်းအားကြည့်ရှုပြီးနောက် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
