မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်၏ ကျီးကန်းပါးစပ်သွားသည့်လမ်းဘေးတွင် တောင်ကမ်းပါးရံပြိုကျပြီးလမ်းပိတ်ခဲ့မှု ယနေ့ မေ ၂၂ ရက်နံနက် ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ကင်းမွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးစေတီတော်အနီး ကျီးကန်းပါးစပ်သွားရာလမ်းဘေးတွင် တောင်ကမ်းပါးယံအနည်းငယ်ပြိုကျကာလမ်းပိတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရင်ပြင်တော်မီးသတ်စခန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံဈေးသူဈေးသားများပူး ပေါင်းရှင်းလင်းခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
