မွန်ပြည်နယ်၊ ကျိုက်ထီးဆောင်းသာသနာ့နယ်မြေတွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မပါရဂူ ဒေါက်တာ ဘဒ္ဒန္တပညာဒီပ ကျိုက်ထီးဆောင်းဆရာတော်ကြီး ခန္ဓာဝန်ချတော်မူခြင်း (၈)နှစ်ပြည့်ပူဇော်ပွဲအား ဇူလိုင်လ ၂၆ ရက် (မနက်ဖြန်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပူဇော်ပွဲ၌ ဆံတော်ရှင်သာသနာအား ဖော်ဆောင်ခဲ့၊ ဖော်ဆောင်လျက်ရှိသည့် သုဝဏ္ဏဘူမိ(သုဓမ္မာ) ဂိုဏ်းဝင် ဆံတော်ရှင်စေတီတော်များ ပဝါယဏာအုပ်စု တောစဥ်တောင်တန်း (၆၉)ဌာန၏ ပဓာနဦးစီးနာယက ဆရာတော်နှင့် ရဟန်း၊ သာမဏေများအား ငါးသုံးလီမိသားစုများက ဆွမ်းဆပ်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။