မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးရွာ၌ ယနေ့ဇွန် (၁၅) ရက် နံနက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူအမျိုးသား လူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနက ကအသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ လူနာအမျိုးသားအား ဒေသတွင်းပရဟိတအသင်းတစ်သင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရှိခဲ့သည့် ကိုဗစ်ကူးစက်ခံရသ ည့် လူနာအမျိုးသားအား ဇွန်လ (၁၃) ရက်က ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး တစ်ရက်အကြာတွင် လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ (၃၀) ကျော်တွေ့ရှိထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကအသိပေးထားပြီး ကိုဗစ် ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းများ ထိုးနှံကြရန်လည်း အသိပေးထားသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ချေမြင့်မားသည့် အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ သုံးလနှင့်အထက်ရှိသည့် မိခင်လေ-ာင်းများ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်ကျန်းမာရေးဝန်ကြီးဌာနက တို-က်တွန်းနှိုးဆော်ထားသည်။
