Thursday, November 13, 2025

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂...

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက...

ထိုင်း Lumpinee Super Fight...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊...

IBEC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း...
HomeNewsLocal Newsကျိုက်တမော့ကြီးဘုရားပွဲ တောင်တက်ဘုရားဖူး ရာနှင့်ချီ...

ကျိုက်တမော့ကြီးဘုရားပွဲ တောင်တက်ဘုရားဖူး ရာနှင့်ချီ လာရောက်လည်ပတ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့စေတီတော်  ဗုဒ္ဓပူဇနိယပွဲတော်သို့ တောင်တက်ဘုရားဖူး ရာနှင့်ချီ၍ လာရောက်လည်ပတ်ဖူးမျှော်ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဆံတော်ရှင် ကျိုက်တမော့စေတီတော်ဘုရားပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်အထိ (3)ရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။

“ဒီနှစ် ဘုရားဖူးတွေ လာတာပိုများတယ်။ အရင်နှစ်ကလည်း လာကြပါတယ်။ ဒီနှစ်က ပိုများတယ်။ ဒေသတွင်းဘုရားဖူးက ပိုများတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်တက်ဘုရားဖူးမျှော်ခွင့်ကို နံနက် (၄)နာရီမှ ညနေ (၅) နာရီ အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျိုက်တမော့စေတီတော်သို့ တောင်တက်ဖူးသူများခြေလျင်ဖြင့်လည်း‌ကောင်း၊ တောင်တက်ကားများဖြင့်လည်းကောင်း တက်ရောက်နိုင်ပြီး မော်တော်ဆိုင်ကယ်တက်ရောက်ခွင့်မပြုကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်‌ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre ကြား ကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာလက်မှတ်ထိုး

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ထိုင်း Lumpinee Super Fight မှာ ပွဲထွက်လာတဲ့ ရိုးရာဖိုက်တာကျော်စွာဝင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာဖိုက်တာ ကျော်စွာဝင်းမှာ မွေထိုင်းဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွင်း နောက်ထပ်ရိုးရာဖိုက်တာနှစ်ဦးလည်း ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိအချိန်၌ ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံက နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်နေပြီး၊မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071