Saturday, February 15, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal Newsကျားဖျန့်နှိမ်နှင်းရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အမြဲအသင့်ရှိဟု...

ကျားဖျန့်နှိမ်နှင်းရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အမြဲအသင့်ရှိဟု BGF ပြော

ထိုင်း – မြန်မာ နယ်စပ် မြဝတီဘက်ခြမ်းရှိ အွန်လိုင်းလိ–မ်လည်မှုဂိုဏ်းများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းနှိမ်နှင်းသွားမည်ဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှု ထွက်ပေါ်လာပြီးနောက် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်း – မြန်မာနယ်စပ် မြဝတီခရိုင်အတွင်းရှိ ဒေသအချို့တွင် တရုတ်လုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် လေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးအမည်ခံ လုပ်ငန်းများတွင် မြန်မာနိုင်ငံမှ လူငယ်များအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှ လူငယ်များကို ငွေကြေးမက်လုံးပေးခေါ်ယူကာ ညှ–င်းပ–န်းနှိ–ပ်စ–က်မှုများ၊ အွန်လိုင်းလိ–မ်လည်မှုများကို အတင်းအကြပ်ခိုင်းစေမှုများ လုပ်ဆောင်နေသည်ဆိုသည့် သတင်းများမှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြဝတီဒေသအတွင်း အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားသားအားလုံး (၆) လအတွင်း ထွက်ခွာကြရန်ဆိုသည့် ညွှန်ကြားချက်တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ (၁) ရက်က BGF အနေဖြင့် ထုတ်ပြန်ခဲ့သည်ကို တွေ့ခဲ့ရသည်။

ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦး ထိုင်းနိုင်ငံမှတစ်ဆင့် မြဝတီဘက်ခြမ်းရှိကျားဖျန့် လုပ်ငန်းထံ လိ–မ်လည်ပို့ဆောင်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြဝတီဒေသအတွင်းက အွန်လိုင်းလိ–မ်လည်မှုလုပ်ငန်းများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ ပြန်လည်မြင့်တက်လာသည့် အခြေအနေလည်းဖြစ်သည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ပျောက်ဆုံးနေသည့် တရုတ်နိုင်ငံသား ရာနှင့်ချီရှိနေကြောင်းနှင့် ထိုင်းအစိုးရကို အကူအညီတောင်းခံမှုများ ရှိနေကြောင်း သတင်းများလည်း ထပ်ဆင့် ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့ ဇန်နဝါရီ (၁၆) ရက်က တရုတ်နိုင်ငံ ၊ ဘေကျင်းမြို့တွင် ကျင်းပသည့် တရုတ်နှင့် အာဆီယံ သံတမန်များတွေ့ဆုံပွဲတွင် ထိုင်း -မြန်မာ နယ်စပ်တလျှောက်ရှိ အွန်လိုင်းလိ–မ်လည်မှု လုပ်ငန်းများကို ရှင်းလင်းနှိမ်နှင်းရန်အတွက် တာဝန်ယူမှုနှင့် ခိုင်မာသည့် အရေးယူမှုများ ဆောင်ရွက်ကြမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောကြားခဲ့သည်ကို တွေ့ရသည်။

” အခုတရုတ်မင်းသားကိစ္စက မင်းသားမို့လို့သာ နာမည်ကြီးသွားတာလို့ ပြောရမှာပေါ့နော်။ အရှေ့မှာလည်း လွှဲခဲ့တာ လူထောင်နဲ့ချီနေပြီ။ တောင်းလာရင် ကျွန်တော်တို့ ရအောင်ရှာပေးတယ်။ အခုဒီတရုတ်မင်းသားကိစ္စကလည်း ရွှေကုက္ကိုလ်မှာဖြစ်သွားတဲ့ကိစ္စမဟုတ်ဘူး။ ဖလူးရဲ့အပေါ်ဘက်မှာဖြစ်သွားတာ။ (၆) ရက်နေ့မှာ ထိုင်းဘက်ကအကူအညီတောင်းခံလာတဲ့အတွက် ဒီကိစ္စကို ရအောင်ဖော်ထုတ်ပြီးတော့မှ ထိုင်းကို ပြန်အပ်ပေးခဲ့တာ ” ဟု  တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်းကို ပြန်လည်တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်မှူးနိုင်မောင်ဇော်က ရှင်းပြသည်။

ဇန်နဝါရီ (၁၅) ရက်က မြဝတီမြို့တွင် BGF နှင့် DKBA ခေါင်းဆောင်များ၊ မြဝတီဒေသအတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် တရုတ်လုပ်ငန်းရှင်များ တွေ့ဆုံကာ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်လုပ်ငန်းရှင်များအနေဖြင့် လူကုန်ကူးမှု၊ လိ–မ်လည်မှုနှင့် တရားမဝင်အဖွဲ့အစည်းများအား သတင်းပေးပို့ရန်၊ အတင်းအဓ-မ္မခို-င်းစေမှု၊ ညှ–ဉ်းပ-န်းနှိ-ပ်စ-က်မှုများ မပြုလုပ်ရန်၊ အသက် ၁၈ နှစ်အောက်များ မခိုင်းစေရန်နှင့် အွန်လိုင်းလိ–မ်လည်မှုလုပ်ငန်းများ မလုပ်ကိုင်ရန် သတိပေးခဲ့ပြီး မလိုက်နာခြင်းပါက လုပ်ငန်းပိတ်သိမ်းခြင်းနှင့် ဒေသမှနှင်ထုတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

” အဲဒီနေ့က လုပ်တဲ့အစည်းအဝေးကလည်း ဒီကိစ္စကို အဓိကထား လုပ်တာပဲ။ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေအကုန်ကို ခေါ်ပြီးတော့မှ အရင်တုန်းက ထုတ်ပြန်ထားတဲ့အမိန့်တွေကို ပြန်ဖတ်ပြတယ်။ ဒါမျိုးလုပ်မယ်ဆိုရင်တော့ ထိထိရောက်ရောက် လုပ်ငန်းပိတ်သိမ်းတဲ့အထိ ဆောင်ရွက်မယ်ဆိုတာကို အဲဒီနေ့က အတွင်းရေးမှူးကိုယ်တိုင် ပြောခဲ့တာ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ဘက်က နိုင်ငံအသီးသီးက ဆောင်ရွက်လာတဲ့အပေါ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု  ၎င်းကဆိုသည်။

လက်ရှိတွင် မြဝတီခရိုင်အတွင်း ကျားဖျန့် လုပ်ငန်းများနှင့် ပတ်သက်၍ BGF ၏ ပါဝင်ပတ်သက်မှုအပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေပြီး BGF ကထိုလုပ်ငန်းများကို အကာအကွယ်ပေးထားခြင်းကြောင့်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ တရုတ်လုပ်ငန်းရှင်များအား မြေငှားရမ်းပေးသည့်အခြေအနေသာ ရှိကြောင်းနှင့် အများပြည်သူ ထိခိုက်နစ်နာမှုများအတွက် အကောင်းဆုံးဖြေရှင်းဆောင်ရွက်ရန် ထိပ်ပိုင်းတာဝန်ရှိသူများ ဆွေးနွေးနေ‌သည့်အပြင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားခဲ့သည်။

ဓာတ်ပုံ  – အင်တာနက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျားတို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာလျှိုကျုံးရီနှင့် မစ္စမာကျားတို့အား ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အ ထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့် ကိစ္စရပ်များအား မြန်မာနိုင်ငံမှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ပြောကြားသည်။ ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ဖေဖော် ဝါရီ (၁၃) ရက်က ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASE AN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားတို့တွင် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071