Saturday, June 27, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeInternationalကျဆုံးစစ်သည် ရုပ်အလေ-ာင်း ၁,၂၀၀...

ကျဆုံးစစ်သည် ရုပ်အလေ-ာင်း ၁,၂၀၀ ကို ရုရှားက ယူကရိန်းသို့လွှဲပေး

ယခုလအစောပိုင်းက အစ္စတန်ဘူလ်ဆွေးနွေးပွဲအတွင်း ရရှိခဲ့သော သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအရ ရုရှားက ထပ်မံလွှဲပြောင်းပေးသည့် ရုပ်အလေ-ာင်း ၁,၂၀၀ ကို ယူကရိန်းက လက်ခံရရှိခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“စစ်မှုထမ်းတွေအပါအဝင် ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်လို့ ရုရှားဘက်က ပြောဆိုတဲ့ နောက်ထပ် ရုပ်အလေ-ာင်း ၁,၂၀၀ ကို ယူကရိန်းကို ပြန်ပို့ခဲ့ပါတယ်” ဟု ကိဗ်ရှိ စစ်အကျဉ်းသားအရေး ညှိနှိုင်းရေးရုံးချုပ်က သတင်းထုတ်ပြန်ခဲ့ပြီး ရုပ်အလေ-ာင်းများကို မှုခင်းဆေးပညာအရ စစ်ဆေးအတည်ပြုသွားမည်ဟု ဆက်လက် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရုရှားဘက်က ပြန်ပို့သည့် ရုပ်အလေ-ာင်း ၄,၈၁၂ လေ-ာင်း ရှိပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်က ဖေ့စ်ဘုတ်တွင် ထုတ်ပြန်ခဲ့သည်။ “ဒီ လူသားချင်းစာနာထောက်ထားမှု မစ်ရှင်မှာ ပါဝင်ခဲ့သူတိုင်းကို ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားဘက်သို့ ရုပ်အလေ-ာင်း ပြန်လည်လွှဲပြောင်းပေးခြင်းမျိုး ရှိမရှိကိုမူ ယူကရိန်းက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

ရုပ်အလေ-ာင်းလွှဲပြောင်းပေးမှုကို ရုရှားသတင်းဌာနများကလည်း သတင်းဖော်ပြခဲ့ကြသည်။ စစ်ဖြစ်နေသည့် နှစ်ဖက်အကြား ဇွန် ၂ ရက်က အစ္စတန်ဘူလ်တွင် ရရှိခဲ့သော သဘောတူညီချက်အရ ထိုသို့လွှဲပြောင်းမှုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်တွင် အကျဉ်းသားအများအပြားက်ုအပြန်အလှန် လဲလှယ်ခြင်းများလည်း ပါဝင်ခဲ့သည်။

မီဒီယာများ၏ ဖော်ပြချက်အရ တနင်္ဂနွေနေ့က ရုပ်အလေ-ာင်းလွှဲပြောင်းမှုတွင် ရုရှားကျဆုံးစစ်သည်များကို ယူကရိန်းဘက်က လွှဲပြောင်းပေးခြင်းမျိုး မရှိခဲ့ဟု သိရသည်။ ရုရှားသည် နောက်ထပ် ယူကရိန်းနိုင်ငံသား ရုပ်အလေ-ာင်း ၆,၀၀၀ ကို ထပ်မံလွှဲပြောင်းပေးရန် စီစဉ်ထားသည်။

Ref: ဒီဒဗ္ဗလျူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071