Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsကျန်းမာရေးနှင့် အလှအပ အမျိုးသမီးတို့...

ကျန်းမာရေးနှင့် အလှအပ အမျိုးသမီးတို့ ဘဝအခန်းကဏ္ဍ

jရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလှပဖို့ရော စိတ်ပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင် စေဖို့ပါ ကျန်းမာရေးနဲ့ အလှအပဟာ အဓိကကျလှပါတယ်။ ဒီလိုပဲ အမျိုးသမီးတိုင်း အတွက်လည်း တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ အလှအပတို့ဟာ မရှိမဖြစ် အလိုအပ်ဆုံး အရာများ ပဲ ဖြစ်ပါတယ်။ မိမိဘဝအတွက် အရွယ်သုံးပါးအလိုက် အဓိပ္ပာယ်ရှိ အောင် ကြိုးစားစွမ်းဆောင်နိုင်ဖို့က ကျန်းမာရေးကောင်းနေ မှသာ ဖြစ်နိုင် သလို လူမှုဆက်ဆံရေး နယ်ပယ်မှာ အောင်မြင်မှု ရရှိအောင်၊ လူမှုဆက်ဆံရေး နယ်ပယ်ချဲ့ထွင် နိုင်အောင် စမတ် လူသား ဖြစ်စေဖို့ အလှအပဟာ အဓိက ကျလှပါတယ်။ မိမိလူ့ဘဝ အသက်ရှင်နေထိုင်ရမယ့် သက်တမ်းကို ဆွဲဆန့်နိုင်စေဖို့ ‘အသက် ကို ဉာဏ်စောင့်’ ဆိုတဲ့အတိုင်း အသိဉာဏ်နဲ့ ယှဉ်တွဲပြီး အနာရောဂါ ဖြစ်ပွားမှု နည်းသူတစ်ယောက်အဖြစ်ရော သက်ရှည်ကျန်းမာစွာ ၊ ရွှင်လန်းပျော် ရွှင် ငြိမ်းချမ်းစွာ လူ့ဘဝသက်တမ်းကို ဖြတ်ကျော်ကုန်ဆုံး သွားနိုင်စေဖို့ ကျန်းမာရေးနဲ့ အလှအပဟာ အရေး ကြီးလှဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အလှအပ ကို အချိန်တိုင်း အဓိကထား လိုက်စားပြီး တန်ဖိုးရှိရှိ အသုံးချကာ မိမိတို့ဘဝ အောင်မြင်ရေးတည်ဆောက် မှုအတွက် အပံ့အပိုးပြုပေးတဲ့ အရာ တွေဖြစ်လို့မို့ အမျိုးသမီး အနုပညာ ရှင်တို့ရဲ့ ကျန်းမာရေး အသိအမြင် ရော အလှအပရေးရာထိန်းသိမ်းမှု ရှုမြင်ပုံများ အကြောင်း မေးမြန်းကာ စုစည်းဖော် ပြလိုက်ပါတယ်။

ခင်သဇင်
ညီမက အလှအပကို အစား အသောက်နဲ့ သေချာထိန်းဖြစ်တယ်။ အသားအရေအတွက် ကိုယ်နဲ့ လိုက်ဖက်တဲ့ Skin careကို ရွေး ချယ်အသုံးပြုတယ်။ အစား အ သောက်ကိုလည်း အငန်၊ အစပ်နဲ့ အဆီတွေ ရှောင်တယ်။ ကျန်းမာ အောင် Gym ဆိုင်မှာ သွားမကစား ဖြစ်ရင်တောင် အိမ်မှာ လေ့ကျင် ခန်း လုပ်တယ်။ ကိုယ်လှပ ဖို့အတွက် အစားအ သောက်ကို ဆင်ခြင် ဖြစ် တယ်။ ဆာနေ ရင်စား ပေးလိုက်တယ်။ အဆာ မခံဘူး။ နောက် ပိုင်းမှာ ကျန်းမာရေး က ပိုအရေးကြီးလာတာ ကိုတွေ့ရတဲ့ အတွက် ကျန်းမာအောင် နေပြီး အလှအပကို ထိန်း သိမ်းတယ်။

အမွန်း
အလှအပနဲ့ ပတ်သက်လို့က တော့ အမွန်းက အချိန်သိပ်မပေးနိုင် ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အလုပ်ကလည်း ပရိသတ်ရှေ့မှာ လှလှ ပပလေးဖြစ် အောင် နေရတာဆိုတော့ ရတဲ့အချိန် အတွင်းမှာ ပြင်ဆင်ရတာပေါ့။ ပွဲတက်တာတွေကတော့ တစ်ကဏ္ဍပေါ့။ မိတ်ကပ်နဲ့ ဘယ်လိုမျိုးလေး ပြင်ဆင်လိမ်းခြယ် ဝတ်ဆင်ရမလဲဆို တာ အမြဲတမ်းစဉ်းစားနေရတာ ဆိုတော့ မထူးဆန်းတော့ဘူးပေါ့။ အမွန်း ကတော့ အလှအပနဲ့ ပတ်သက် ပြီး ပြုပြင်ထိန်းသိမ်းမှုကို အိမ်မှာပဲ သေသေချာချာ လုပ်ဖြစ် တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင် သွားလုပ် ရင်လည်း ကားတအားကျပ်တယ်။ အဲဒီအတွက် အိမ်မှာ လုပ်ဖြစ်တာ များပါတယ်။ အဓိကကတော့ အသား အရေကောင်းပြီး လန်းဆန်း တက်ကြွ နေမှ ဘာပြင်ပြင် လှတာပေါ့ နော်။ အသားအရေ မလှဘူး၊ ကျန်းမာရေးမကောင်းဘူးဆို လို့ရှိ ရင်တော့ ဘယ်လောက်ပဲ ပြင်ထား၊ ပြင်ထား လှသင့် သလောက် မလှ တော့ဘူးပေါ့။ အဲဒီ အတွက် အမွန်း က စိတ်ရော၊ လူရော ကျန်းမာ အောင်နေထိုင်တယ်။ အိမ်ရောက် ရင် အတတ်နိုင်ဆုံးခေါင်းကို ပေါ့ပေါ့ လေး ထားနိုင်အောင်ကြိုးစားတယ်။ အလုပ်ပြီး သွားလို့ရှိရင် ကိုယ့်ကို တကယ်  Relax  ဖြစ်စေတဲ့ စာဖတ် တာမျိုးတို့၊ Body Spa ကို ကိုယ့် အိမ်မှာ ကိုယ့်ဘာသာကိုယ် လုပ်တာ မျိုးတို့နဲ့ အမွန်းထိန်းသိမ်း ဖြစ်ပါ တယ်။

နန်းသူဇာ
အလှအပကတော့ အများကြီး အလုပ်ပါဘူး။ ဒါပေမဲ့ အခုအသက် ကြီးလာတော့ အလှအပကို ပိုပြီး လုပ်ဖြစ်လာတာပေါ့နော်။ အရင်က အဲဒီလောက်ကြီး မလုပ်ဖြစ်ဘူး။ ပေါင်းတင်တာ ဘာညာတော့ မရှိပါ ဘူး။ အစားအသောက် ဆင် ခြင် တယ်။ ရေများများသောက်တယ်။ စိတ်ကြည်အောင်ထားတယ်။ သဘာဝဘက်ကို ပိုရောက်တဲ့ Skin Care တွေကို သုံးဖြစ်တယ်။ အစား အသောက်ဆိုရင်လည်း အရမ်းစားမိ တဲ့ အခါမျိုးတွေရှိတယ်။ တစ်ခါ တလေကျလို့ရှိရင် အဆာလွန်ပြီး တော့မှ အရမ်းစားမိတာ မျိုးလေး တွေရှိတယ်။ အဲဒီအခါကျရင် ဝိတ်ကို ဖြည်းဖြည်းချင်း ပြန်လျှော့ရတာပေါ့ နော်။ နန်းသူဇာဆို အချိုအရမ်း ကြိုက်တော့ အခုဆို တတ်နိုင် သ လောက် ရှောင်နေ ရတယ်။ ပြီးတော့ ကျန်းမာ ရေးအတွက် ဆိုရင် အမေက ဆီးချိုရှိ တယ်ဆိုတော့ သူစစ်လို့ ရှိရင် ကိုယ်လည်း စစ်ကြည့် တယ်။ အခုချိန် ထိတော့ မရှိသေးပါ ဘူး။ ကိုယ့်ပတ် ဝန်းကျင်မှာလည်း အမြဲတမ်း Check Up လုပ်ဖြစ် ပါတယ်။ Check Up ဆိုတာဆေးရုံ၊ ဆေးခန်းတွေမှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ရသလိုလေးပေါ့။ ဆေးရုံတွေမှာ လည်းသွားလုပ်ဖြစ်ပါ တယ်။ အဓိက ကတော့ အစား အသောက်ကို ဆင်ခြင်ပါတယ်။ နောက်ပိုင်းမှာ အွန်လိုင်းကနေလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ စာလေး တွေ တက်လာတော့ အဲဒီစာလေး တွေ ဖတ်ရင်းနဲ့ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက် ရမလဲဆိုတာ လေ့လာဖြစ်တယ်။ အွန်လိုင်းက နေလည်း အဆင်ပြေပါတယ်။

ဆန်းသစ်လ
ညီမ အလှအပကို အရမ်းဂရု စိုက်တယ်။ မျက်နှာမှာဆို Skin Care တွေကို သေချာလေးလိမ်းဖြစ် တယ်။ မျက်နှာပေါင်းတင်တာကို တစ်ပတ် တစ်ခါ လုပ်ဖြစ်တယ်။ ညီမက ကျန်း မာရေး မကောင်းကောင်း အောင်နေ တယ်။ ကျန်းမာရေး ကောင်းမှ ဒီအလှအပကို ပြုပြင်နိုင် မှာလေ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာ အောင်၊ ကိုယ့်ရဲ့စိတ်ဓာတ်ကျန်းမာ အောင်၊ ပျော်ရွှင်အောင် အရင်ဆုံး လုပ် တယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ အလှအပကို ပြင်ဆင်တယ်။ ကျန်း မာအောင် အစား အသောက် ကို ပုံမှန်စား တယ်။ ကိုယ်နဲ့ မတည့်တဲ့ အရာ တွေဆိုရှောင် တယ်။ အခု အချိန်မှာ လည်း ရာသီပေါ်တုပ်ကွေး တွေဖြစ် နေတဲ့အတွက် ရာသီပေါ် အသီး အနှံတွေကိုပဲ အဓိကထားပြီး စားဖြစ် တယ်။

မေမြင့်မိုရ်
ညီမရဲ့ အလှအပကို ထိန်းသိမ်း ဖို့အတွက် ကျန်းမာ အောင် နေတယ်။ အစား အသောက်ကိုလည်း ဆင်ခြင် တယ်။ အသီးအနှံတွေစား ဖြစ်တယ် Gym ကစားဖြစ်တယ်။ ညီမရဲ့ မျက်နှာအတွက် Skin Care တွေ လိမ်းဖြစ်တယ်။ ကျန်းမာမှ လူက လှပနိုင်မှာပါ။ အခုရာသီဆိုရင် ဖျားနာတုတ်ကွေး ရာသီဖြစ်တဲ့ အတွက် ကျန်းမာရေးကို အရမ်း ဂရုစိုက်ဖြစ်တယ်။ အင်အားရှိစေမယ့် အစားအသောက်တွေကို ရွေးချယ် စားသုံးဖြစ်တယ်။ အဲဒါမှလည်း ကိုယ်က အလှတွေပြင်နိုင်မှာပါ။

ပေါ်ပြူလာအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071