Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesကျန်းမာလှပခြင်းရဲ့ အဓိက လျှို့ဝှက်ချက်

ကျန်းမာလှပခြင်းရဲ့ အဓိက လျှို့ဝှက်ချက်

h

‘စိတ်ပျို ကိုယ်နု’ ဆိုသလိုပါပဲ။ စိတ်ဖိစီးမှုတွေကြောင့် မိမိရဲ့ရုပ် သွင်ဟာ ပင်ပန်းနွမ်းနယ်ပြီး လက်ရှိ ရောက်နေတဲ့ အသက် အရွယ်ထက် ပိုမို ရင့်ရော်သွားတတ်ပါ တယ်။ အလှအပနဲ့ ပတ်သက်လို့ အရင်ဆုံး လုပ်ဆောင်ရမယ့်အချက် က စိတ်ဖိစီးမှုတွေကို လျော့ပါးသွား အောင်လုပ်ဆောင်ရမှာပါ။ ဒါဟာ နုပျိုကျန်းမာဖို့အတွက် နည်းလမ်း ကောင်းပါပဲ။ ဒါဆို စိတ်ဖိစီးမှုတွေ လျော့ပါးအောင် ဘယ်လိုလုပ် ဆောင်သင့်သလဲ။ စိတ်ကိုတည်ငြိမ် အောင်၊ စိတ်ဖိစီးမှုလျော့ပါးအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ အများကြီးထဲကမှ အကောင်းဆုံး နည်းလမ်းကတော့ တရားထိုင်ခြင်း ပါပဲ။ တရားထိုင်တယ်ဆိုတာ တကယ်တော့ အသက်ရှူခြင်း လေ့ ကျင့်ခန်းပါပဲ။ သင့်ဘဝရဲ့နေ့ရက် တွေထဲမှာ တရားထိုင်ခြင်းကို အချိန်အနည်းငယ် ပေးကြည့်လိုက် ပါ။ ကောင်းကျိုးတွေအများကြီး ရရှိစေမှာပါ။ ကျန်းမာလှပစွာနဲ့ မိမိရဲ့လုပ်ငန်းတွေမှာ တက်တက် ကြွ ကြွ လုပ်ကိုင်နိုင်ခြင်းအပေါ် အဆိုတော် မေဆွိကို မေးမြန်းထား တာလေးရှိပါတယ်။ သူမပြောတာ က…..

“အဓိကကတော့ အန်တီဆွေ စိတ်ကိုအမြဲတမ်းအေးချမ်းအောင် ထားတယ်။ လူမှုကိစ္စအဝဝတွေနဲ့ အကုန်လုံးက မောပန်းနေတဲ့အချိန် မှာ ဘာပဲဖြစ်ဖြစ်၊ ဘယ်အလုပ်ကိုမဆို အန်တီဆွေက အချိန်ယူပြီးအလုပ် လုပ်တယ်။ လောပြီးတော့ အလုပ် မလုပ်ဘူး။ အဲဒီဟာတစ်ခုဟာ ကိုယ့် အပေါ်မှာ အရမ်းကို Effect ဖြစ် တယ်။ စိတ်ကို လောပြီးအလုပ်မ လုပ်တဲ့အတွက်ကြောင့်မို့လို့ စိတ် အေးချမ်းတယ်။ နောက်တစ်ခုက အန်တီဆွေနေ့တိုင်း ဘုရားရှေ့မှာ ၁၅မိနစ်လောက်တရားထိုင်တယ်။ နောက်ပြီးတော့ ကိုယ်နဲ့ကိုက်ညီတဲ့ အစားအသောက်ပေါ့နော်။ အဆီများ တာတို့၊ ဝစေမယ့်အစာမျိုးတွေ စားတာကိုရှောင်တယ်။ နောက်ပြီး တော့ ညနေဘက်လောက်ကျရင် တော့ ထမင်းကို လျှော့စားပြီးတော့ အိပ်ချိန်နဲ့သိပ်နီးတဲ့အခါ အစား မစားတာမျိုးကို လုပ်ပါတယ်။ အဲဒီလို မျိုးလေးတွေ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပါတယ်” လို့ပြောပါတယ်။

အလှအပနဲ့ ပတ်သက်လို့ အထူးသဖြင့် မိန်းကလေးတွေ အများစုအကြိုက်တွေ့စေမယ့် အကြောင်းအရာလေးတစ်ခုကို ပြောချင်တာပါ။ အဲဒါကတော့ ဘယ် မိန်းကလေးမဆို ခန္ဓာကိုယ်အချိုး အစား သွယ်လျလှပချင်ကြမှာပါပဲ။ ဝတယ်ဆိုတာ တကယ်တော့ မကောင်းပါဘူး။ ကမ္ဘာမှာဆိုရင် အဝလွန်သူဦးရေဟာ တစ်နေ့တခြား တိုးပွားလာတာကို စစ်တမ်းတွေအရ တွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်ဝလာ တဲ့အတွက် ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်း ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ အစရှိသဖြင့် ရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ သူ့မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီး လှပါတယ်။ မိန်းကလေးတွေအနေနဲ့ ခန္ဓာကိုယ်သွယ်လျလှပစေဖို့ လေ့ ကျင့်ခန်းတွေ၊ အစားအသောက်စားသောက်မှုအပိုင်းတွေကို ဂရုတစိုက် လုပ်ဆောင်ရမှာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အဆိုတော် နီနီခင် ဇော်ကို မေးမြန်းခဲ့ဖူးပါသေးတယ်။ သူမရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုက…….

“အရင်တုန်းကဆိုရင် ထမင်း တွေစားမယ်။ ဆီကြော်မုန့်တွေ စားမယ်။ အချိုရည်တွေသောက် မယ်ပေါ့။ အဲဒါတွေအကုန်လုံးကို မလုပ်တော့ဘူး။ ရပ်လိုက်တယ်။ Carbohydrate  ကိုအတတ်နိုင်ဆုံး၊ အနည်းဆုံးဖြစ်အောင်ထားတယ်။ Protein ကိုများများစားတယ်။ Protein များများစားမှ အသား ဓာတ်ရပြီး ဦးနှောက်ရော၊ ခန္ဓာကိုယ် ရော အလုပ်လုပ်မှာဖြစ်တဲ့အတွက် အသားကို ဆီအတတ်နိုင်ဆုံးလျှော့ပြီး စားတယ်။ ထမင်းစားတဲ့အခါ အရွက် ကြော်တွေကို အဓိက အားပြုပြီးစား တယ်။ ဗိုက်အရမ်းဆာရင် အသီး လေးတွေစားတယ်။ အဲဒီလိုအစားအသောက်တွေချိန်းလိုက်ပြီးတော့ ပြေး တာတို့၊ ကြိုးခုန်တာတို့လို လေ့ကျင့် ခန်းမျိုး လုပ်ပါတယ်” လို့ သိရပါ တယ်။ ကျန်းမာလှပနေမှသာ မိမိ ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဖက်ရှင်ဒီဇိုင်းမျိုးစုံကို ဝတ်ဆင် နိုင်မှာဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေ တွေကြား၊ မိသားစုကြား၊ အဖွဲ့ အစည်းကြား၊ လူထုကြားမှာ ထင် ပေါ်နေမှာပါ။ အဆိုတော်မလေး Sophia Everest ကတော့ သူမရဲ့ ကျန်းမာရေးနဲ့ အလှအပဖက်ရှင် အပေါ်ကို ဒီလိုပြောလာပါတယ်။

“ညီမက ခြေလေးချောင်းသား မစားဘူး။ နဂိုကတည်းက။ ကြက် သားရယ်၊ Seafood ရယ်၊ အသီး အရွက်ရယ် ဒီ ၃မျိုးပဲစားတယ်။ နည်းနည်းလေးဝလာပြီဆိုရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ရအောင်လျှော့တယ်။ အလှအပ ဖက်ရှင်ပိုင်းနဲ့ ပြောရရင်တော့ လူတိုင်းမှာ Idol ဆိုတာရှိတယ်။ ညီမဆိုရင်လည်း ညီမရဲ့ Idol သူ က ဘာဝတ်သလဲ၊ ဆံပင်ပုံစံကို ဘယ်လို ထားသလဲ၊ မိတ်ကပ်ကို ဘယ်လို လိမ်းသလဲဆိုတာ လိုက်ကြည့် တာပဲ လေ။ မိန်းကလေးတစ်ယောက် အတွက် အလှအပနဲ့ ဖက်ရှင်ကလည်း အရေးကြီးတယ်လို့ထင်ပါတယ်” လို့ပြောပါတယ်။

လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ မိမိမှာရှိတဲ့အလှကို မြင်အောင်ကြည့်တတ်ဖို့နဲ့ အဲဒီအ လှကို ဘယ်လိုပြုပြင်ထိန်းသိမ်းပြီး သူတစ်ပါးမြင်အောင် ဘယ်လိုထုတ် ပြမ လဲဆိုတဲ့အပေါ်မှာပဲ မူတည်တာ ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ စိတ်ထားကြည်လင် လှပနေရမယ်။ ကျန်းမာရေး အသိ ရှိရမယ်။ လုပ်ဆောင်ရမယ်။ ဒါတွေ ဟာ ယျေဘုယျကျတဲ့အချက် တွေပါ ပဲ။ အထူးသဖြင့် မိန်းကလေး တွေ ဟာ ပိုပြီးလှပနေဖို့လိုအပ်ပါ တယ်။ ကျန်းမာသန်စွမ်းပြီး လှပ နုပျိုမှု တွေနဲ့အတူ မိမိတိုပရဲ့ ရုပ် အသွင်က လူအများကိုဆွဲဆောင် နိုင်ကြပါစေ လို့ဒီဆောင်းပါးလေးနဲ့ အတူဆန္ဒပြု လိုက်ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071