Friday, May 23, 2025

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏...

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊...

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌...

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...
HomeMoviesကျဆင်းနေတဲ့ ဗီဒီယိုလောကကို ...

ကျဆင်းနေတဲ့ ဗီဒီယိုလောကကို ပြန်လည် ဦးမော့လာအောင် လုပ်ပေးစေချင်တဲ့ ပတ္တမြားကေခိုင် (စိန်ပန်းရုပ်ရှင်ထုတ်လုပ်ရေး)

ပတ္တမြားကေခိုင်ရဲ့ စိန်ပန်းရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေး အနေနဲ့ ဗီဒီယို ဇာတ်ကားတွေ မရိုက်ကူးဖြစ် တာ ကြာနေခဲ့ပါပြီ။ သူ့အနေနဲ့လည်း သဘင်အစည်းအရုံး(ဗဟို)ရဲ့ ပြန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သဘင်နဲ့ ပတ်သက်လို့ လုပ်ဆောင်နေရမှုတွေကြောင့်ရုပ်ရှင်ဘက်ကို မလှည့်နိုင်ဖြစ်နေရတာလည်းပါပါတယ်။ ၂ဝ၁၇ခုနှစ်ထဲမှာတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖြစ်တော့မှာ မဟုတ်ဘဲ ၂ဝ၁၈ခုနှစ်ထဲမှာပဲ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ ပတ္တမြားကေခိုင်ရဲ့ စိန်ပန်းရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေး အနေနဲ့ ဗီဒီယို ဇာတ်ကားတွေ မရိုက်ကူးဖြစ် တာ ကြာနေခဲ့ပါပြီ။ သူ့အနေနဲ့လည်း သဘင်အစည်းအရုံး(ဗဟို)ရဲ့ ပြန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သဘင်နဲ့ ပတ်သက်လို့ လုပ်ဆောင်နေရမှုတွေကြောင့်ရုပ်ရှင်ဘက်ကို မလှည့်နိုင်ဖြစ်နေရတာလည်းပါပါတယ်။ ၂ဝ၁၇ခုနှစ်ထဲမှာတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖြစ်တော့မှာ မဟုတ်ဘဲ ၂ဝ၁၈ခုနှစ်ထဲမှာပဲ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

” ဇာတ်လမ်းတွေက ဝယ်ထား တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဦးမျိုး မင်းနဲ့တော့ ပြောထားတာ ဇာတ်ကား၂ကားလောက်ရှိတယ်။ အဲဒီ့ အထဲကမှ တစ်ကားကိုရွေးပြီးတော့ ရိုက်ကူးမယ်ပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးပဲရိုက်မှာပါ။ လောလောဆယ်က ဗီဒီယိုမှာ မရိုက်ကြတော့တာလေ။ ပြီးတော့ ဒီနှစ်ကို အလုပ်လေး နည်းနည်း လျှော့ထားတယ်။ သားကဒီနှစ် ၁ဝတန်းဆိုတော့လေ။ သူ့ဘက်ကို အားစိုက်နေရတာလည်းပါပါတယ်” လို့ ရုပ်ရှင်ပိုင်းနဲ့ ပတ်သက်လို့ ပတ္တမြားကေခိုင်ကပြောပြပါတယ်။  ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်ပွဲကိုလည်း မကြာခင်ကပြု လုပ်ခဲ့ကာ ဥက္ကဌအဖြစ် ဦး ဇင်ဝိုင်းကရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင် လောကသား တစ်ဦး အနေနဲ့ရုပ်ရှင်အမှုဆောင်အဖွဲ့သစ် အပေါ် ဘာတွေ မျှော်လင့်ထားလဲလို့ မေးတော့…

” အပြောင်း အလဲတွေနဲ့ လုပ် သွားတယ်။ ဒါပေမဲ့လို့လည်း လုံးဝကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ အရှေ့မှာလုပ်ခဲ့တဲ့ လုပ်ငန်း စဉ်တွေ နဲ့လည်း ချိတ်ဆက်မိဖို့ လို တာပေါ့။ ဘာကြောင့်လည်းဆိုတော့ တစ်ဖွဲ့ လာတစ်ခါပြောင်းဆိုရင် မလွယ်ဘူးလေ။ ရုပ်ရှင်မှာ လည်း ကောင်း သောပြောင်းလဲခြင်း လို့မြင် ပါတယ်။ ဆက်ပြီးတော့ တိုးတက်ဖို့လည်း လုပ်သွားမယ်ပေါ့။ ပြောရရင် ရုပ်ရှင်က သဘင်ထက် စာရင် အများ ကြီးတိုးတက်မှုတွေ ရှိတယ်။ ရုပ်ရှင်ရုံ တွေပေါ်လာတာ၊ တင်သမျှ ရုပ်ရှင်တွေက အဆင်ပြေတာလည်း တွေ့ရ တယ်လေ။ ရုပ်ရှင်ရဲ့ ပြောင်းလဲမှုတွေကို အားရပါတယ်။ ဗီဒီယို ကိစ္စတစ် ခု တော့နည်းနည်း ပြောနေကြတာပေါ့လေ။ ဗီဒီယိုက ရိုက်လို့ မကောင်း တော့ဘူးပေါ့။ ရုပ်ရှင်ကတစ်အား အ ဆင်ပြေပြီးတော့ ဗီဒီယိုမှာလည်း နည်းနည်း ကျဆင်းတာတွေ့ရတော့ အဲဒီအပေါ်မှာ အားထည့်ပြီးတော့ လုပ်ကြ ရင်တော့ အလုပ်အကိုင်အခွင့် အလမ်းတွေလည်းအများကြီး ပေါ် လာမှာပဲ”လို့ ပြောပါတယ်။

လင်းအက္ခရာ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071