စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏ ကံတလူတိုးဂိတ်အနီးတွင်ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသား(၁)ဦးညပ်နေသဖြင့် စစ်ကိုင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အိုးဘိုလူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ညပ်နေသူအား နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်တွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာများရရှိထား၍ အိုးဘိုလူမှုကူညီရေးအသင်းမှ စစ်ကိုင်းကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
