Friday, February 14, 2025

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ်...

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန်...

နီပေါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်...

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ်...
HomeNewsLocal Newsကော့သောင်း-မြိတ် လမ်းပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့်...

ကော့သောင်း-မြိတ် လမ်းပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရေလမ်းခရီးကိုသာ အားပြုသွားလာနေရဟုဆို

ကော့သောင်း-မြိတ် ကုန်းလမ်းခရီး သွားလာရေးအခက်အခဲကြောင့် ရေလမ်းခရီးကိုသာ အားပြုနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ လမ်းပိုင်းအတွင်း နယ်မြေမတည်ငြိမ်ခြင်းကြောင့် ဒေသတွင်း ခရီးသွားများအနေဖြင့် ကော့သောင်း -မြိတ်၊ မြိတ်‌-ကော့သောင်း လမ်းခရီးအတွက် ရေလမ်းကြောင်းကိုသည် အားပြုသွားလာနေကြရကြောင်း ဆိုသည်။

“နယ်မြေဘယ်လိုမတည်ငြိမ်လည်းဆိုတော့ မကြာခဏ ‌တိုက်ပွဲဖြစ်တာ။ ဒေသတွင်းမတည်ငြိမ်မှုအပေါ် အခွင့်အရေးယူပြီး လု-ယက်တာတွေရှိနေတယ်။ ဒီကြားထဲ ဘယ်အဖွဲ့မှန်းမသိ စစ်တာဆေးတာတွေ မထင်ရင်ဖ-မ်းခေါ်ခံရတာတွေရှိနေတော့ မသွားရဲကြတာ။ လုံးလုံးကြီးမသွားတာတော့မဟုတ်ဘူး။ သွားတော့သွားတယ်။ နည်းလာတာပေါ့”ဟု မြိတ်ဒေသခံတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် ရေလမ်းပိုင်းအတွင်း စပိဘုတ်များဖြင့်သွားလာနေရကာ တစ်ဦးလျှင် ကျပ်နှစ်သိန်း ‌ပေါက်ဈေးရှိပြီး မြိတ်- ကော့သောင်း ပင်လယ်ပြင်ခရီးကြာမြင်ချိန်မှာ (၅)နာရီမှ (၆) နာရီခန့်အထိ ရှိကြောင်း သိရသည်။

လေကြောင်းလမ်းဖြင့်လည်း သွာလာနိုင်သော်လည်း မြိတ် – ကော့သောင်း ခရီးအတွက် ကျပ်သုံးသိန်းခွဲနီးပါး ပေါက်ဈေးရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က စိတ်ဝင်စားခဲ့ပြီး ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် ယင်းဒုံး-ကျည်များကို မှာယူသွားမည်ဟု နူးဒေလီကို ပြောဆိုထားကြောင်း သတင်းရင်းမြစ် သုံးခုက ပြောခဲ့သည်။ အဆိုပါကိစ္စသည် အတိမ်းအစောင်းမခံသော အကြောင်းအရာဖြစ်၍ သတင်းရင်းမြစ်အားလုံးက အမည်မဖော်ပြစေလိုခြင်းဖြစ်သည်။ အကွာအဝေး...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်မှု အဆုံးသတ်ရေး အတွက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် မိနစ် ၉၀ နီးပါးကြာ ဖုန်းပြောဆိုမှုအပြီးတွင် ထရမ့် က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တကယ်တော့၊ သူဒီကိုလာမယ်လို့မျှော်လင့်တယ်၊ ကျွန်တော်လဲအဲဒီကိုသွားမယ်၊ ဆော်ဒီအာရေးဗျမှာပထမဆုံးအကြိမ်တွေ့ဆုံဖို့မျှော်လင့်ပါတယ်၊ တစ်ခုခုလုပ်ဆောင်နိုင်မလားဆိုတာကြည့်ကြမယ်” ဟု ထရမ့်ပ် က ဘဲဥပုံ ရုံးခန်း...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန် ပြည်တွင်းထုတ်လုပ်မှုကိုပါမြှင့်တင်ရန် ကြိုးပမ်းနေပြီး ကာကွယ်ရေးပစ္စည်းများတင်ပို့မှုကိုလည်း ဆက်တိုက်မြှင့်တင်လျက်ရှိသည်။ အကွာအဝေး ၉၀ ကီလိုမီတာ (၅၆ မိုင်) ထိရောက်သော အိန္ဒိယပြည်တွင်းလုပ် Pinaka ဒုံးပျံစနစ်ကို လွန်ခဲ့သည့်သုံးလခန့်က အိန္ဒိယရှိ ပြင်သစ်ကိုယ်စားလှယ်အဖွဲ့အား စမ်းသပ်ပြသခဲ့ရာ ပြင်သစ်ဘက်ကသဘောကျဖွယ်ရှိသည်ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။ "လက်ရှိအချိန်မှာ ဝယ်ယူဖို့အထိအတည်မပြုရသေးပေမဲ့ ဆွေးနွေးမှုတွေတော့ဆက်လုပ်နေပါတယ်" ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ Source : အာရပ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071