Thursday, August 13, 2026

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...
HomeNewsLocal Newsကော့ကရိတ်မြို့အား ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်...

ကော့ကရိတ်မြို့အား ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက် သည်ဆိုသည့် သတင်းမှာ သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း နစက တုန့်ပြန်

ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်ကကော့ကရိတ်မြို့ကို တပ်မတော်က လေကြောင်းမှတဆင့် ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ နစကဘက်က ငြင်းချက်ထုတ်လိုက်ပြီး သတင်းတုသတင်းမှားများသာဖြစ်ကြောင်း တုန့် ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်း တပ်မတော်ဘက်မှ လက်လွှတ်ခဲ့ရသည့် တပ်မတော်စခန်းအချို့ကို ပြန်လည်ရရှိရေးအတွက် အောင်ဇေယျ အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ယင်းသို့ တိုက်ပွဲများ ပြင်ထန်လျက်ရှိရာမှ ကော့ကရိတ်မြို့ရှိ လက်လွှတ်ထားရသည့် နေရာများကို တပ်မတော်က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွာသွားရပြီဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည်ဆုတ်ခွာသွားရသည့် အခြေအနေနှင့် ပတ်သက်ကာ တပ်မတော်က လေကြောင်းမှ အလွန်အကျွံပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတုအဆိပ်ဗုံးများဖြင့် ပစ်ခတ်ခြ င်းတို့ကြောင့် ဆုတ်ခွာပေးခဲ့ရသယောင် ပြောဆိုရေးသားမှုများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြန့်ဝေနေခြင်းမှာ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် တပ်မတော်အ ပေါ် အထင် အမြင် လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက်အိုးအိ မ်စည်း စိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နယ် မြေလုံခြုံ ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကိုလည်း ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071