ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ နေရပ်ပြန်စစ်ဘေးရှောင်(၃၂၄)အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် အခြေ ခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်တို့ကို ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်သည် ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၁)ကျောင်းကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက် ကပ်လှူဒါန်းခဲ့သည်။
