Sunday, May 24, 2026

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို...

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၄ ရက်တွင် နေပြည်တော်ရှိ...

မြစိမ်းရောင်သာသနာ့နယ်မြေ၌ သီဟရာဇာအလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူ၊ သာသနာပြုလုပ်ငန်းမှတ်တမ်းကျောက်စာတိုင်...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်...

ဆီဆိုင်မြို့နယ်၌ မိုးကြိုးစက်ကွင်းမိ၍ နွားများသေဆုံးခဲ့ခြင်းအတွက် နွားပိုင်ရှင်များကို...

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် မေ ၂၁ ရက်က မိုးကြိုးစက်ကွင်း (၂)ကြိမ်မိ၍ နွားအကောင်ရေ(၇၀)ခန့် သေဆုံးခဲ့သည်။ ထို့ကြောင့် KBZ...

တမူးမြို့၌ တရားဥပဒေစိုးမိုးရေးအတွက် ရှောင်တခင်စစ်ဆေး

စစ်ကိုင်းတိုင်း၊ တမူးမြို့၌ တရားဥပဒေစိုးမိုးရေးအ တွက် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မေ ၂၃ ရက်နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီး၏ ဧရာဝတီလမ်းဆုံ၌ ရှောင်တခင်စစ်ဆေးခဲ့ကြသည်။ အကြမ်းဖက်သမားများဝင်ရောက်နှောက်ယှက်မှုမရှိစေရန်...
HomeMoviesကော့ကရိတ်မြို့မှ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်(၈၄)လုံးကို...

ကော့ကရိတ်မြို့မှ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်(၈၄)လုံးကို မေ ၂၅ ရက်တွင် သွပ် (၄၀)ချပ်နှင့် ဘိလပ်မြေ(၂၀)အိတ်ထောက်ပံ့မည်

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ နေအိမ်များမီးလောင်ပျက်စီးခဲ့သဖြင့် ပြန် လည်တည်ငြိမ်လာချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ရက်(၁၀၀)စီမံကိန်းချမှတ်ကာ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိသည်။

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့မှ မီးလောင်ပျက်စီးနေ အိမ်များအနက် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ် ကွက်တို့မှနေအိမ်များကို မြေပြင်ဖျက်သိမ်းရှင်းလင်းမှုများအား ဦးစားပေးအစီအစဥ်အဖြစ်ပြုလုပ်ခဲ့သည်။

ထို့နောက် အမှတ်(၇)ရပ်ကွက်မှ မီးလောင်ပျက်စီးနေ အိမ်များကိုပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဖျက်သိမ်းရှင်းလင်းမှုများပြုလုပ်ရန် ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များနှင့်တွေ့ဆုံခဲ့ကြသည်။

ထို့ကြောင့် နေအိမ်အသစ်ပြန်ဆောက်မည့်သူ(၄၉)အိမ်၊ ပြန်လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)အိမ်(စုစု ပေါင်း ၈၄ အိမ်)ရှိခဲ့သဖြင့် ယင်း နေအိမ်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးသော တစ်အိမ်လျှင် သွပ်(၄၀)ချပ်၊ ဘိလပ်မြေ(၂၀)အိတ်တို့ကို မေ ၂၅ ရက်တွင်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့် မီးလောင်ပျက်စီးနေအိမ်များကိုလည်း ပြည်နယ်အစိုးရအဖွဲ့က သွပ်နှင့် ဘိလပ်မြေများကိုထောက်ပံ့ပေးသွားမည်ဖြစ်ကာ လုံလောက်မှုမရှိပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူနိုင်ရန်ကူညီပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတမှာကြား

အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင်ဆောင် ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၄ ရက်တွင် နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှပမာဏများစွာတင်သွင်းနေရ၍ နိုင်ငံခြားငွေများစွာကုန်ကျနေရာ မိမိတို့နိုင်ငံအတွင်းလုံလောက်မှုရှိအောင်ထုတ်လုပ်ပါက တင်သွင်းမှုကိုလျှော့ချနိုင်မည်ဟု ပြောသည်။ " မြန်မာနိုင်ငံမှာက ဒိန်ချဉ်ကိုသာထုတ်လုပ်နေကြတာကိုတွေ့မြင်ရပါတယ်။ အများစုသုံးစွဲကြတဲ့ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တွေက်ု အလုံအလောက်ထုတ်လုပ်နိုင်ဖို့လိုပါတယ်။ အာဟာရပြည့်မီစွာနဲ့ ဈေးနှုန်းသက်သာစွာစားသုံးနိုင်ဖို့အတွက် နို့နဲ့ ကြက်ဥတွေကို အပြည့်အဝရရှိအောင်ဆောင်ရွက်ပေးရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် နေပြည်တော်နှင့် နိုင်ငံတော်အတွက်အထောက် အကူဖြစ်စေသည့်လုပ်ငန်းရပ်များဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ရန်၊...

မြစိမ်းရောင်သာသနာ့နယ်မြေ၌ သီဟရာဇာအလိုတော်ပြည့်ဘုရား ရွှေထီးတော်တင်လှူ၊ သာသနာပြုလုပ်ငန်းမှတ်တမ်းကျောက်စာတိုင် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးများက ရွှေထီးတော်ကို ပင့်ဆောင်တင်လှူခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ငှက်မြတ်နားတော်ကို တင်လှူပူဇော်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာစိန်ဖူးတော်ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဘက်စုံသာသနာပြုလုပ်ငန်းများအား မှတ်တမ်းတင်ထားသော ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နှစ်ထပ်ဆွမ်းစားဆောင် ဆောက်လုပ်ရေးအတွက် အလှူရှင်များက ကျပ်သိန်း ၅,၀၀၀...

ဆီဆိုင်မြို့နယ်၌ မိုးကြိုးစက်ကွင်းမိ၍ နွားများသေဆုံးခဲ့ခြင်းအတွက် နွားပိုင်ရှင်များကို KBZ ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ပေးရန်ပြင်ဆင်

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် မေ ၂၁ ရက်က မိုးကြိုးစက်ကွင်း (၂)ကြိမ်မိ၍ နွားအကောင်ရေ(၇၀)ခန့် သေဆုံးခဲ့သည်။ ထို့ကြောင့် KBZ ဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် နာယကဦးအောင်ကိုဝင်းက နွားပိုင်ရှင်များအားကူညီထောက်ပံ့ပေးမည်ဖြစ်၍ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် တာဝန်ရှိသူများက ယင်း ကျေးရွာသို့သွားရောက်ကာစာရင်းကောက်ယူခဲ့ကြသည်။ စာရင်းအရ ကျေးရွာနေ အိမ်ထောင်စုများပိုင်ဆိုင်သည့် နွားကောင်ရေ(၆၈)ကောင်သေဆုံးသွားခဲ့သဖြင့် ထောက်ပံ့မှုများပြုလုပ်ရန် စီစဥ်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071