မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီးတွင်တင်လှူပူဇော်မည့် စိန်ဖူးတော်အား ယနေ့ အောက်တိုဘာ ၇ ရက်က တွေ့မြင်ခဲ့ရသည်။
အဆိုပါ စိန်ဖူးတော်ကြီးအား သီတဂူဆရာတော်ကြီးမှညွှန်ကြားကာ တမ္ပ၀တီဆရာကြီးဦးဝင်းမောင်မှ ဒီဇိုင်းရေးဆွဲ၍ အင်ဂျင်နီယာကိုချိုဇော်မင်းမှ အနီးကပ်ကြီး ကြပ်ပြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ ပန်းတိမ်ပညာရှင်များကပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
