Friday, May 23, 2025

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...
HomeArticlesကလေးတစ်ယောက်ရဲ့ လျှို့ဝှက် စီမံချက်ရဲ့...

ကလေးတစ်ယောက်ရဲ့ လျှို့ဝှက် စီမံချက်ရဲ့ The Book of Herny

Untitled-2

 

အခုဇာတ်ကားကတော့ အခု ၂ဝ၁၇ခုနှစ်ရဲ့ ဇူလိုင်လ ဆန်းမှာ အမေရိကန်နဲ့ နိုင်ငံတကာရုံတွေမှာ တင်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားသစ် တစ်ကားဖြစ်ပါ တယ်။ ဒါရိုက်တာ ‘ကောလင်းထရီဗိုရို’ က ရိုက်ကူးပြီး ကလေးသရုပ်ဆောင် တွေကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး သည်းထိတ်ရင်ဖိုဒရာမာဇာတ် ကားအဖြစ် ဖန်တီးတင်ပြထားတာ ဖြစ်ပါတယ်။

အိမ်ထောင်စုအတွင်းက မိသား စုတိုင်းမှာ ကံတရားအရ မဖြစ်ချင်၊ မပတ်သက်ချင်ပေမယ့် ဖြစ်ပျက်၊ ပတ်သက်ခွင့်ပြုပေးလိုက်ကြရတဲ့ ပထွေးတို့၊ မိထွေးတို့ရဲ့ အစစ် အမှန် ကိုယ်ချင်းစာတရားနဲ့ အစစ် အမှန်မေတ္တာတရားတွေ ကင်း ဝေးခဲ့ကြရသူ သားသမီး တွေမှာ ကြိတ်ပြီး ပူဆွေးခဲ့ ရတာတွေ၊ ဆန့်ကျင်တိုက် ခိုက်ကြတာတွေဖြစ် ပေါ်ကြ ရတယ်ဆိုတဲ့အကြောင်း ရိုက်ပြထားတာပါ။

ဆိုးသွမ်းတဲ့ပထွေးဖြစ်သူက အပျိုမဖြစ်၊ အရွယ် မရောက် သေးတဲ့ မိန်းကလေး ငယ်ကို မုဒိန်းသဘော အနိုင်ကျင့်မှု တွေကိုခံရတဲ့အခါ အဲဒီ မိန်း ကလေး ငယ်ကို ကယ်တင်ဖို့၊ ရဲတပ်ဖွဲ့နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ပထွေးကို ဥပဒေဘောင် အပြင်ကနေ ရှင်းပစ်ဖို့ သားဖြစ်သူရဲ့ စာအုပ်မှာ ရေးသား ထားတဲ့အစီအစဉ်တွေကို ရှာဖွေဖော် ထုတ်ရမယ့် မိခင်တစ်ယောက်ရဲ့ အကြောင်းကို စိတ်လှုပ်ရှားစရာတွေနဲ့ ရင်သပ်ရှု မောကြည့် ရှုကြရမှာပါ။

‘ဆူဆန်ကာပင်တာ’ဟာ အရွယ် နုပျိုလွန်းသေးတဲ့ ကလေးနှစ် ယောက်အမေဖြစ်ပါတယ်။ သူမဟာ ယောက်ျားသေသွားတာလား၊ ကွဲ သွားတာလားဆိုတာ မသိရပါဘူး။ အခုရှစ်နှစ်အရွယ် ‘ပီတာ’နဲ့ ဆယ့် တစ်နှစ်အရွယ် ‘ဟင်နရီ’ဆိုတဲ့ သား နှစ်ယောက်ကို ကျွေးမွေးစောင့် ရှောက်ဖို့ စားသောက်ဆိုင်တစ်ဆိုင် မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင် ရပါတယ်။ သားငယ်ဖြစ်သူ ‘ပီတာ’က အလွန်အဆော့သန်တဲ့ ကျောင်းသား တစ်ယောက် ဖြစ်ပါတယ်။ အဲဒါကို သားကြီးဖြစ်သူ အသက်၁၁နှစ်အရွယ် ‘ဟင်နရီ’က ထိန်းကျောင်း စောင့် ရှောက်ရပါတယ်။ ဟင်နရီဟာ အလွန်အကင်းပါးပြီး သွက်လက် ဖျတ်လတ်တဲ့ကလေး တစ်ယောက်ဖြစ် ပါတယ်။

တစ်နေ့မှာ သူတို့အိမ်ဘေးကို မိသားစုတစ်စု ပြောင်းရွှေ့လာတယ်။ အဲဒီအိမ်မှာ ဟင်နရီနဲ့ရွယ်တူ သူနဲ့ ကျောင်းသွားဖော် အတန်းတူဖြစ်လာ မယ့် ‘ခရစ္စတီးနား’ဆိုတဲ့ ကောင်မ လေးတစ်ယောက် ပါလာခဲ့တယ်။ အဲဒီခရစ္စတီးနားဆိုတဲ့ ခပ်ချောချော ကောင်မလေးဟာ သူတို့မိသားစုထဲ မှာ ပထွေးနဲ့နေထိုင်ရသူဖြစ်တယ်။

ကျောင်းမှာသူတို့နှစ်ယောက် တွေ့ဆုံကြရာကနေ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ခရစ္စတီးနားမှာ ထူးဆန်းလာတာကို အကင်းပါး ဖျတ် လတ်သွက်လက်တဲ့ ဟင်နရီဆိုတဲ့ ကောင်လေးက သတိထား ရိပ်မိလာ ခဲ့တယ်။

မိခင်ဖြစ်သူ ‘ဆူဆန်ကာပင်ကာ’ ကိုယ်တိုင်ကလည်း ခရစ္စတီးနား အပါအဝင် ဘေးခြံကအိမ်မှာနေတဲ့ မိသားစုမှာ အန္တရာယ်ရှိတဲ့ လျှို့ဝှက် ချက်တစ်ခုရှိတယ်လို့ တစ်နေ့မှာ သတိထားမိခဲ့တယ်။ သားဖြစ်သူ ဟင်နရီကလည်း သူအကူအညီ ပေး မယ့် အစီအစဉ်တစ်ခုအတွက် သူ့ အမေကို အသိပေးပြီး အကြံÓဏ် တောင်းခံခဲ့တယ်။

ပထွေးဖြစ်သူ အနိုင်ကျင့် စော်ကားမှုကိုခံနေရတဲ့ သူငယ်ချင်း ဖြစ်သူ ခရစ္စတီးနားကို ကယ်တင်ဖို့ အသေအချာ အစီအစဉ်တွေ ချရေး ထားတဲ့ လျှို့ဝှက်မှတ်တမ်းစာအုပ်ထဲ မှာ ဒီစီမံကိန်းကို အသေအချာ ရေး ဆွဲထားတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ် မှာ အဓိကကျတဲ့သူဟာ အမေဖြစ်သူ ‘ဆူဆန်ကာပင်တာ’ဖြစ်နေတာ ကို အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရပါ တယ်။ အဲဒီတော့ ဆူဆန်ကာပင်တာ အဖြစ် Naomi Waatts ၊ ဟင်နရီ အဖြစ် Jaeden Lieterher ၊ ခရစ္စ တီးနားအဖြစ် Maddie Ziegler  တို့ ဖြစ်ပါတယ်။

ဝင်းကိုမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071