Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeArticlesကလောင်များစွာနဲ့ စာရေးဆရာကြီး တင့်တယ်၏...

ကလောင်များစွာနဲ့ စာရေးဆရာကြီး တင့်တယ်၏ ရာပြည့်နှစ် (၁၉၁၇- ၂ဝ၁၇) ခုနှစ်

tt

” ကျွန်တော်ဖတ်ခဲ့သမျှသော စာအားလုံးတို့ကို ရေးသားခဲ့သော ပုဂ္ဂိုလ်အားလုံးတို့သည် ကျွန်တော်၏ ဆရာများဖြစ်၍နေကြသည်” ဆိုသော ဆရာတင့်တယ်က ” စာပေသည် မဟာသမုဒ္ဒရာနှင့် နှိုင်းယှဉ်အပ်သော ကိစ္စဖြစ်၏။ ကျယ်ဝန်း၍ မဆုံးနိုင်သော ကိစ္စဖြစ်၏။ ထို့ကြောင့် စာပေလောကထဲ ဝင်ရောက်ရန်ကြိုးစား သူမှန်သမျှ သည် “အာစရိယောဝါဒ” ဟူသော ဆရာ၏နည်းပေးလမ်းညွှန်မှုကို အမြဲ ခံယူနေရန်လိုအပ်” ဟု ဆိုခဲ့ပါသည်။

ဆရာတင့်တယ်ကို ရွှေတောင် မြို့ အဖကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေတို့က ၁၉၁၇ ခုနှစ်၊ ဇွန်လ ၂၉ ၌ မွေးဖွားခဲ့သည်။ တစ်ဦးတည်းသားဖြစ်၏။ အမည်ရင်း ဦးဝင်းစိန်ဖြစ်သည်။ ၁၉၃၉ခုနှစ်၌ ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ရရှိခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း ကုန် သည်လုပ်သည်။ ပညာရေးဌာန၊ စာပေနှင့် စာကြည့်တိုက်ဌာနတွင် စာပြုအဖြစ် အမှုထမ်းခဲ့၏။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝ ကပင် စာပေနယ်သို့ ရွှင်ပျော်ပျော်မှ ထုတ်ဝေသော “မရှက်လို့လား” ဝတ္ထု ဖြင့် စတင်ဝင်ရောက်ခဲ့၏။ ထိုစဉ်က ကလောင်အမည်မပါဘဲ ထုတ်ဝေခဲ့ရ၏။ ၁၉၃၉-၄ဝ ခုနှစ်၌ ပန်းတနော် မြို့၊ အမျိုးသားကျောင်းဆရာ၊ ၁၉၄၅- ၄၈ ခုနှစ်၌ ပြန်ကြားရေး ဌာန၊ ဘာသာပြန်အရာရှိ၊ ၁၉၄၈- ၅၂ ခုနှစ်၌ အင်္ဂလန်နိုင်ငံ အသံလွှင့် ဌာန (ဘီဘီစီ)၊ ဘာသာပြန်နှင့် အသံထုတ်လွှင့်သူ လုပ်ကိုင်ခဲ့ပါသည်။

၁၉၄၆ ခုနှစ်တွင် စာပဒေသာ မဂ္ဂဇင်း ဦးဆောင်ထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း ကို ရှုမဝဦးကျော်နှင့် တွဲဖက်တာဝန် ယူသည်။ ၁၉၄၈ ခုနှစ်တွင် ပဒေသာ မဂ္ဂဇင်းထုတ်ဝေရာ ပါဝင်ခဲ့၏။ ၁၉၅၅ ခုနှစ်၊ သြဂုတ်လမှစ၍ ပဒေ သာ မဂ္ဂဇင်းကို အမေရိကန် ပြည်ထောင်စုထုတ် Reader Digest ပုံစံဖြင့် ဦးစီးထုတ်ဝေခဲ့ သည်။ ၁၉၆၉ ခုနှစ်တွင် ဝင်းဦး၏ စန္ဒာရုပ်စုံမဂ္ဂဇင်း စာတည်းတာဝန်ကို ကွယ်လွန်သည့်ထိ တာဝန်ယူခဲ့ပါသည်။ ဆရာတင့်တယ်၏ ၁၉၆ဝ ခုနှစ် ဝန်းကျင်က ပြောခဲ့သော အနုပညာ စာပေလောကအတွက် စာရေး သားခြင်းနှင့် ပတ်သက်သော စကား မှာ ယနေ့ ၂၁ ရာစုတိုင် ခေတ်မီ လတ်ဆတ်နေ၍ တင်ပြလိုပါသည်။

” Information, Intertainment နှင့် Education ဒီသုံးမျိုးပါဝင်တဲ့ စာပေကိုသာ ရေးချင်တယ်” ဟု ဆိုခဲ့ဖူးပါသည်။ ဆရာတင့်တယ်သည် ဘီဘီစီမှာ အလုပ်လုပ်၍ ဟံသာဝတီ သတင်းစာ၌ ရေးသားပေးပို့သော ဆောင်းပါးတွေကို “အားအရဆုံး (အကြိုက်ဆုံး)”ဟု ဆိုသာ၏။ “အင်္ဂလိပ်ဆိုတာလည်း ဒို့ဗမာတွေလို လူတွေပဲဟေ့၊ တချို့နေရာတွေမှာ ဒို့ကတောင် သာသေးတယ်။ ဘာသာအစ ရာသီဥတုအဆုံး စဉ်းစားကြည့် ကြပါ။ ဆောင်းပါး ၂ဝဝကျော် ရေးခဲ့ တယ်။ အင်္ဂလိပ်လို အထင်ကြီးစိတ် ဗမာတွေမှာ နည်းနည်းပါးပါးတော့ လျော့သွားလိမ့်မည်ထင်မိကြောင်း” ဆရာပြောခဲ့ဖူး၏။

အနုပညာစာပေဆုရ မောင်ကျော်သာက “ဆရာတင့်တယ်ကား အလုပ်လုပ်လျှင်လည်းအလွန်၊ပေလျှင် တေလျှင်လည်း အလွန်။ ဝိပ ဿနာလုပ်လျှင်လည်း စွန်းလွန်း ကျောင်းတိုက်မှာမှ စသည်ဖြင့် အလွန်အကျွံ သမားဖြစ်၏” ဟု ရေးခဲ့သည်။ ဆရာအရက်ဖြတ်စဉ်က “လက်ငါးချောင်းသာ တည်ငြိမ်မယ် ဆိုရင် သားသမီးငါးယောက်ကို ပညာကောင်းကောင်းပေးဖို့ မျှော်လင့်ကြောင်း၊ ဘဝမှာ အလင်း ရောင်ရှိသေးကြောင်း” ဟု ဆို၏။

ဆရာတင့်တယ်သည် မိမိ၏ မွေးရပ်ဇာတိကို အလွန်ခင်မင်သူ ဖြစ်၏။ “ကျွန်တော်တို့မြို့ဟာ ဗမာ ပြည်ထဲက ဂျပန်ကလေးဗျ။ ပိုးတို့ ချည်တို့ (ရွှေတောင်ပိုးလုံချည်)ကို တညင်းလုံးမှာ ရစ်ရင်း ငယ်ငယ်က တည်းက ဝင်ငွေရနေပြီဗျ။ တမယ် ဟင်းနဲ့ မုန့်ဟင်းခါးကို ကျွန်တော်တို့ မြို့ကလွဲရင် ဖြစ်ဖြစ်မြောက်မြောက် မချက်တတ်ကြဘူးဗျ”ဟု ရွှေတောင် လုံချည်၊ ရွှေတောင်ခေါက်ဆွဲ နာမည်ကြီးသော ရွှေတောင်မြို့သားက ဂုဏ်ယူဝံြ့<ွကားစွာ ပြောလေ့ရှိသည်ဟု ဆိုပါသည်။

စကားပြောလျှင် “ဂွမ်ပါရော” ဟု ထည့်ပြောလေ့ရှိသော ဆရာတင့်တယ်သည် “ကမ္ဘာကျော် ပန်းချီ ကားတွေဟာ ကျွန်တော့်အသည်း နှလုံးကို အမြဲဂယက်ရိုက်တယ်။ ပန်းချီကားတွေရဲ့ အရှိန်ဟာ ပြင်းထန်တယ်” ဟု ဆိုခဲ့ဖူး၏။ သီချင်းဆို ဝါသနာပါ၏။ ကမ္ဘာ့ဂီတပညာရှင်၊ ဗေသိုဗင်၊ မိုးဇက်၊ ဟင်ဒယ်တို့၏ ဂီတလက်ရာများကို နားထောင်လေ့ ရှိခဲ့၏။ သဘောကျ နှစ်ခြိုက်ကြောင်း၊ အရသာခံစားလို့ကောင်းကြောင်း၊ ကမ္ဘာကပိုင်တဲ့ပစ္စည်းတွေ ဖြစ်ကြောင်း ဆရာတင့်တယ်ပြောခဲ့ ဖူးပါသည်။

၁၉၄၆ ခုနှစ်ထုတ် စာပဒေသာ မဂ္ဂဇင်းတွင် “တင့်တယ်” ကလောင် စတင်သုံးခဲ့သည်။ ရွှေချစ်ငွေချစ် (၁၉၄၇) ဝတ္ထုသည် ပထမဆုံးလုံးချင်း ဖြစ်သည်။ ချစ်နိုင်ငံ (၁၉၄၇)ခုနှစ်၊ ဖြေလျော့ခွေ (၁၉၄၇)ခုနှစ်၊ ချစ်သက်လက်ဆောင် (၁၉၅ဝ) ခုနှစ်၊ ကမ္မဖလ (၁၉၅၁) ခုနှစ်၊ ထား (၁၉၅၇) ခုနှစ်တို့ ထင်ရှား၏။ ၁၉၅၈ ခုနှစ်တွင် ပျိုတို့ အချစ်တော် (Belami by Guyde Maudrssamt) စာအုပ်ကို ဘာသာပြန်ဆု (စာပေဗိမာန်) ချီးမြှင့်ခံရသည်။

တင့်တယ်အမည်ဖြင့်ပင် ချစ်လင် (၁၉၄၇)ခုနှစ်၊ အဏ္ဏဝါနှင့် အဖိုးအို (၁၉၆၄) ခုနှစ်၊ ချာလီနှင့် ယာယီ (၁၉၆၄)ခုနှစ်၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၄၆)ခုနှစ်၊ ရောမကို အာခံသူ (၁၉၆၅)ခုနှစ်တို့ကို ဘာသာ ပြန်ဆိုခဲ့သည်။ အချစ်ဝတ္ထုများရေးခဲ့ ပြီး လူကြိုက်များပါသည်။ ဘကြီးမွှန်း ကို အဓိကဇာတ်ဆောင်ထား၍ ဘဝသရုပ်ဖော် ဝတ္ထုတိုများရေးခဲ့၏။ မိဂျုံဇာတ်ကောင် ဝတ္ထုများလည်း ပရိသတ်ရှိခဲ့သည်။ ဝတ္ထုရေးနည်း အခြေပြု (၁၉၄၇ ခုနှစ်)၊ စာရေးနည်းလမ်းညွှန် (ဆရာသြဘာ)များကို ရေးသားခဲ့သည်။ “လူအများဖတ်ချင်အောင် စာရေးတတ်သော စာရေးပညာသည် အတတ်ပညာနှင့် အနုပညာပါဝင်၍နေသည်” ဟု ဆရာ တင့်တယ်က ဆိုခဲ့ဖူးသည်။ ၁၉၅၈ခုနှစ်၌ ဟံသာဝတီ သတင်းစာတွင် ဒေါက်တာဇီဗာဂိုး ဝတÄုကြီးကို နေ့စဉ်ဘာသာပြန်ဆိုခဲ့ သည်။ ရှရုစာရေးဆရာကြီး (Boris Pasternak ၏ Dr. Zhivago ဖြစ်သည်။

ဆရာ၏ ကလောင်ခွဲပေါင်း ၂၉ ခုခန့်ရှိသည်ဟုဆို၏။ ဝတ္ထုတို၊ ဝတ္ထု ရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည်ဖြင့် စာမူပေါင်း ၈ဝဝကျော် ရေးသားခဲ့သူဖြစ်ပါသည်။ တင့်တယ်၊ ဦးဝင်းစိန်၊ အောင်မြင့်၊ အောင်ကျော်၊ ရုပ်ရှင်သုတေသီတစ်ဦး၊ ကျော့ကေသီ၊ လှပ၊ တက်ထွန်း၊ ကျော်ဇော၊ စိန်တပွင့်၊ ထွန်းအံ့ ဆရာသြဘာ၊ ယဉ်မင်းလှ၊ ဦးထွဋ် ခေါင်၊ ဦးအသင်္ချေ စသည့်ကလောင် များအပြင် များစွာရှိသေးသည်။ စာ ပေမျိုးစုံ အရေးသားနိုင်ဆုံး စာရေး ဆရာဖြစ်ခဲ့ပါသည်။
ရုပ်ရှင်လောကတွင်လည်း ထင်ရှားခဲ့၏။ ၁၉၅၄ ခုနှစ်တွင် “လာလုလုငေး”၊ ၁၉၅၇ခုနှစ်တွင် “ကျွန်မအနုပညာသည်”၊ “ထား” ရုပ်ရှင်ဇာတ်ကားများ ဒါရိုက်တာ တာဝန်ယူခဲ့သည်။ ဖြေလျော့ခွေ၊ အကျော်အမော်၊ ဖိုးပြုံးချို ဇာတ်ကားများကို ဇာတ်ညွှန်းရေးခဲ့၏။

“တင့်တယ်၏ တင့်တယ်” အမည်ရှိ ကိုယ်ရေးအတ္ထုပ္ပတ္တိ တစ်စောင်ကို သွေးသောက်မဂ္ဂဇင်း တွင် ၁၉၆၅ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ရေးသားခဲ့သည်။ စန္ဒာမဂ္ဂဇင်း၌လည်း “စာပေပတ်ဝန်းကျင်နှင့် ကျွန်တော်” အမည်ရှိ ဆရာ၏ စာပေဘဝ ဖြတ်သန်းမှုများကို အခန်းဆက် ရေးသားခဲ့သည်။ ထိုစန္ဒာမဂ္ဂဇင်း၌ ဆရာတင့်တယ်သည် စာပေရေးသားခြင်းနှင့်စပ်လျဉ်း၍ မာနလျော့ ပုံကို ဤသို့ရေးသားခဲ့၏။ “ကျွန်တော် ကိုယ်ကို ကျွန်တော် စာရေးဆရာကြီး ဟု ထင်မှတ်၍ နေခဲ့မိသော မာနတရားသည် ၁၉၇ဝ ပြည့်နှစ်လွန် အချိန်၌ ရယ်စရာလိုလို၊ ရှက်စရာလိုလို ထင်မှတ်ခဲ့သည်။ ရေးခဲ့သမျှ စာတိုစာများနှင့်ပတ်သက်၍ အတွင်း ကျိတ်ရှက်မိသလိုလို ဖြစ်နေသည် ကား အမှန်ပင်ဖြစ်လေသည်။ ရင်ထဲ တွင် ခံစား၍ နေရသော ခံစားချက် ကို ဖော်ပြရခြင်းပင်ဖြစ်၏” ဟု ဆရာ တင့်တယ်က ဖွင့်ဟဝန်ခံရေးခဲ့သည် မှာ အံ့သြထူးဆန်းဖွယ် ဖြစ်နေခဲ့ပါသည်။ ဆရာကြီးသည် မြန်မာပြည်၏ လွတ်လပ်ရေးကြေညာစာတမ်း ရေးသားရာတွင် ပါဝင်ခဲ့သူ သမိုင်း ဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါသည်။ ၁၉၈ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကွယ်လွန်ခဲ့ပါသည်။

ယခုနှစ် ၂ဝ၁၇ခုနှစ်၊ ဇွန်လ ၂၉ ရက်သည် စာရေးဆရာကြီး တင့်တယ်၏ နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်ပါသည်။ ဆရာ၏ အသက် တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် စာပေ ဖြတ်သန်းမှုများနှင့် ပတ်သက် ၍ စာတမ်းဖတ်ပွဲကို ကျင်းပမည်ဟု ကြားသိရရ၍ စာပေလောကအတွက် ဝမ်းမြောက်စွာ ဂုဏ်ယူမိပါသည်။ ထိုအခမ်းအနားတွင် စာရေးဆရာကြီး များဖြစ်ကြသော မောင်ခင်မင် (ဓနုဖြူ)၊ သူရဇော်၊ ဟိန်းလတ်တို့မှ ဆရာတင့်တယ်နှင့် ပတ်သက်၍ ရေး သားပြုစုထားသော စာပေဘဝ ဆက်နွှယ်ပုံ၊ ကလောင်ခွဲများ စာတမ်း၊ စာစုံရေးသားမှု ဝေဖန်သုံး သပ်ချက်စာတမ်းနှင့် ဘာသာပြန်ဆို မှု အတတ်ပညာစာတမ်းများ ဖတ်ကြားသွားမည်ဟု ဆရာ တင့်တယ်၏သမီး ဒေါ်ခင်မျိုးဝင်း (သမီးတင့်တယ်)က ပြောသွားသည် ဟု ဒီမိုကရေစီတူဒေး၌ ဖတ်ရ၏။ စာရေးသူ၏ ဆောင်းပါးကို ဆရာ၏စာသားနှင့်ပင် နိဂုံးချုပ်လိုက် ပါသည်။

” စာပေဝန်းကျင်သည် သမုဒ္ဒရာ လောက်ကြီးမား ကျယ်ဝန်း၍ ငြိမ်သက်မနေ အပြောင်းအလဲများ တရစပ်ဖြစ်နေသော လောကဝန်း ကျင် ကြီးဖြစ်ပါပေသည်။ စာပေ ဝန်းကျင်တွင်လည်း စာပေလှိုင်းတံပိုးများ ထြ<ွကလှုပ်ရှားသည်လည်း ရှိ၏။ နေရောင်ခြည်ရွှင်ကာ လေယဉ် လေနုလေပြေကလေးများ တသွေး သွေး ညုလျှက် ရှုချင်စဖွယ် ရှိဘိသကဲ့ သို့ စာယဉ်စာနုအစုစုကို ပြုစုပျိုး ထောင်ကြသော ခေတ်အချိန် အပိုင်းကလေးများရှိ၍ နေကြသည် ဖြစ်လေသည်”ဟု ညွှန်းဆိုခဲ့ပါသတည်း။

စာဘဏ္ဍာမြဝင်း (ပခုက္ကူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071