Friday, February 14, 2025

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...

လျှပ်စစ်ဓာတ်အားစီမံကိန်းအတွက် တရုတ်နိုင်ငံမှ ၁ ဘီလီယံဖြင့်...

တရုတ်နိုင်ငံမှ (၁) ဘီလီယံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခု၊ စုစုပေါင်း (၁၉၀) မဂ္ဂါဝပ်...
HomeInternationalကူးသန်း​ရောင်းဝယ်ရေးသင်္ဘောနှစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းတို့ကို ဟူသီတို့...

ကူးသန်း​ရောင်းဝယ်ရေးသင်္ဘောနှစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းတို့ကို ဟူသီတို့ တိုက်ခိုက်ပြန်

ယီမင်နိုင်ငံ အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် ကူးသန်းရောင်းဝယ်ရေးသင်္ဘော Cyclades နှင့်  အိန္ဒိယသမုဒ္ဒရာအတွင်း ဖြတ်သန်းသွားလာနေသည့် ကူးသန်းရောင်းဝယ်ရေးသင်္ဘော MSC Orion တို့ကို တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟူသီပြောခွင့်ရ  Yahya Saria က ပြောသည်။

ထို့အပြင် ပင်လယ်နီတွင်းရှိ အမေရိကန်ဖျက်သင်္ဘောနှစ်စင်းအားလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားသေးခဲ့သည်။ ဒရုန်းများသည် “သူတို့၏ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်”ဟုလည်း သူကပြောသည်။

ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက်၊ အစ္စရေးနှင့် ဆက်နွှယ်သည့် သင်္ဘောများကို  ဟူသီများက ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာလကစတင်၍ ဟူသီတို့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။

ဟူသီတို့ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကလည်း ပင်လယ်နီအတွင်းတွင်  ဂါးဒီးယန်းစစ်ဆင်ရေးကို စတင်ခဲ့သည်။ စစ်ဆင်ရေးစတင်သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့ ညတွင်းချင်းပင် အမေရိကန်နှင့် ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟူသီတို့ ထိန်းချုပ်ထားသည့် နေရာအတော်များများကို လေယာဉ်၊ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ အသုံးပြု၍ ပူးတွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျားတို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာလျှိုကျုံးရီနှင့် မစ္စမာကျားတို့အား ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အ ထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့် ကိစ္စရပ်များအား မြန်မာနိုင်ငံမှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ပြောကြားသည်။ ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ဖေဖော် ဝါရီ (၁၃) ရက်က ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASE AN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားတို့တွင် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန် ဘေလီတံတားကို ဖြုတ်ချထားသည့်အတွက် လမ်းလွှဲမှတဆင့် ဖြတ်သန်းသွား လာနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဖြတ်သန်းနေကြရကြောင်း ဆိုသည်။ "ဟုတ်ပါတယ်။ လမ်းပိတ်ဆို့နေတာက တံတားအသစ်ဆောက်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ လမ်းလွှဲမြေသားလမ်းကနေ ဟိုဘက်ဒီဘက် မျှပြီးဖြတ်ခိုင်းနေတော့ နှစ်ဖက်ယာဉ်တွေစောင့်နေတာ ရာချီလောက်ရှိမယ်။ အနည်းဆုံး နှစ်နာရီလောက်ကြာမယ်ထင်တယ် ဖြတ်ရဖို့က။ ညအိပ်စောင့်ရတဲ့ကားတွေလည်းရှိတယ်" ဟု ဘီးလင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။ ယင်းသို့ ပိတ်ဆို့မှုဖြစ်ပွားခြင်းသည် ဖေဖော်ဝါရီလ (၁၂)ရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071