Wednesday, February 18, 2026

ဧရာဝတီတိုင်းအတွင်း၌ဖောက်လုပ်နေသည့် ကျေးရွာချင်းဆက်လမ်းများ

ဧရာဝတီတိုင်းအတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းငွေလုံးငွေ ရင်းရန်ပုံငွေတို့ဖြင့် ကျေးရွာချင်းဆက်လမ်းများကို ကျိုက်လတ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကတာဝန်ယူ၍ သက်ဆိုင်ရာ ကုမ္ပဏီများကဖောက် လုပ်လျက်ရှိကြောင်း...

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ...

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း...
HomeCelebrities' News"ကူးစက်ရောဂါသင့် နာဂ လူမျိုးများ...

“ကူးစက်ရောဂါသင့် နာဂ လူမျိုးများ ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ပွဲတော် စီစဉ်နေတဲ့ မာရီကိုး”

Maricoeတိုင်းရင်းသူ သရုပ်ဆောင် မာရီကိုး ဦးဆောင်တဲ့ “ကူးစက်ရောဂါ သင့် နာဂလူမျိုးများ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ရန်ပုံငွေပွဲတော်” ကို ဇန်နဝါရီလ ၂၈ ရက်နေ့  အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြု လုပ် သွားမှာဖြစ်ပါတယ်။ နာဂလူမျိုးတွေကို အများပြည် သူ သိရှိသွားစေချင်တဲ့ မာရီကိုးက ရန်ပုံငွေပွဲ ပြုလုပ်ရခြင်း နဲ့ပတ်သက်ပြီး

“ဒီပွဲလေးလုပ်ဖြစ်ဖို့ကို ရည်ရွယ်ထားတာ ကြာပါပြီ။ နာဂဒေသမှာ ကပ်ရောဂါတွေလည်းဖြစ်တယ်။ လယ်ဧကတွေလည်း ဆုံးရှုံးပြီး ၁၁လပိုင်း တုန်းကလည်း မီးလောင်မှုဖြစ်ခဲ့ပါတယ်။ နာဂဆိုတာ အစစ အရာရာ ဖွံ့ဖြိုး တိုးတက်မှုတွေ နောက် ကျနေ ပါသေး တယ်။ နောက်ပြီး နာဂလူမျိုး ဆိုတာကို မသိကြသေး တာတွေလည်း တော်တော်လေး ရှိပါတယ်။ အလှူရှင်တွေ အနေနဲ့က လည်း လှူချင် တယ် ဆိုရင်တောင် ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိတယ်ဆိုတာ မသိကြပါဘူး။ ညီမကလည်း နာဂလူမျိုးဖြစ်တဲ့ အတွက် ကိုယ့်လူမျိုးကို တစ်ဖက် တစ်လမ်းက ကူညီချင်တဲ့ သဘောနဲ့ ဒီပွဲလေး ပြုလုပ်ဖြစ်တာ ပါ” လို့ ပြောပါတယ်။

ဒီပွဲတော်မှာ နာဂရိုးရာ ဝတ်စားဆင်ယင်မှုတွေကို အဓိကထား ပြသမယ့် Fashion show နဲ့ နာဂ တိုင်းရင်းသား အကများကို ဖျော်ဖြေ တင်ဆက်သွား မှာပါ။ နိုင်နိုင်း၊ ပိုင်တံခွန်၊ ထွန်းကိုကို၊ အောင်လေး၊ မိုးယံဇွန်၊ အွန်ဆိုင်း၊ နန်းခေးမား၊ မေမြတ်နိုး စတဲ့ အနုပညာရှင် များက နာဂရိုး ရာ အဝတ်အစား များကို ဝတ်ဆင်ပြသမယ့် အပြင် ထူးခြားတဲ့ အစီအစဉ်များကို မာရီကိုးက

“ဒီပွဲမှာ ဒီဇိုင်နာ ဦး၊ စီစီအောင်၊ ဒီဇိုင်နာ နန်းလောင်ခမ်း၊ ဒီဇိုင်နာ အပွတ်တို့ရဲ့ ဝတ်စုံတွေကို ပြသသွားမှာပါ။ ရိုးရာအတိုင်း ဝတ်ဆင်ပြ သ တဲ့အပိုင်းနဲ့ Modernizeလုပ်ပြီး ဖန်တီးထားတဲ့ အပိုင်း ၂ ပိုင်း ပြသွားမှာပါ။ နာဂရိုးရာ အက တင်ဆက်မှုအတွက်လည်း ညီမ ကိုယ်တိုင် လည်း လဟယ် ဒေသကို သွားပြီး အကောင်းဆုံး အက အဖွဲ့တွေကို ခေါ်လာပြီး ရန်ကုန်မှာ ဖျော်ဖြေမှာပါ။ ညီမ ကိုယ်တိုင် လည်း သီချင်းတွေနဲ့ ဖျော်ဖြေသွားမှာပါ” လို့ ပြောပါတယ်။ အဲဒါအပြင် တေးသံရှင် ဇော်ပိုင်၊ ထွန်းထွန်း၊ မင်းသွေး၊ သာဒီးလူ၊ ဆုန်သင်းပါရ်၊ ပိုပို တို့ကလည်း တေးသီချင်းတွေ သီဆို ဖျော်ဖြေ သွားမယ်လို့ သိရပါတယ်။ ပွဲမှာရရှိတဲ့ အလှူငွေများကို မာရီကိုး ကိုယ်တိုင် နာဂဒေသရဲ့ လိုအပ်နေတဲ့ နေရာများကို သွားရောက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းသွား မှာ ဖြစ်ပါ တယ်။

မြတ်နိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071