Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsကူမင်းမြို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး...

ကူမင်းမြို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မြူနီစီပါယ် ပြည်သူ့အစိုးရမှ ဦးဆောင်၍ ကူမင်းမြို့၊ ကွမ်တုရပ်ကွက် China (Yunnan) Pilot Free Trade Zone၊ Myanm ar Trade Center (Kunming) ဧရိယာ၌ ဧပြီ (၂၆)ရက်က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရ၊ ဒုတိ ယမြို့တော်ဝန် Mr. An Enfa၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ကောင်စစ်ဝန်များ၊ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကွမ်တု ပြည်သူ့အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လုပ်ငန်းရှင်များနှင့်ကူမင်းမြို့ရှိကုန်သည် လုပ်ငန်းရှင်များ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်တုရပ်ကွက်၊ China (Yunn an) Pilot Free Trade Zone ၌ Myanmar Trade Center (Kunming) ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်ခဲ့ပြီး အဆို ပါစင်တာသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကြီးကြပ်မှုဖြ င့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်း နှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်မှ ပြောကြားခဲ့သည်။ 

မြန်မာကောင်စစ်ဝန်ရုံးသည် မြန်မာ – တရုတ် နှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းများနှင့် အခြားကဏ္ဍများ အတွက် ပူးပေါင်းဆောင်ရွက်ရာ၌ ချိတ် ဆက်ဆောင်ရွက်ပေးသည့် တံတားတစ်စင်းဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးရန် အ သင့်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

ကူမင်းမြို့၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သ က်၍ ကူမင်းမြို့အစိုးရ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ကိုယ်စားလှယ်က ကူမင်းမြို့၌ ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခြေအနေများ၊ မိုဟန်-ဘိုတန်ကော်ပိုရေးရှင်းဇုန် (Mohan-Boten Corporation Zone) မှ ကိုယ်စားလှယ်က တရုတ်-လာအိုနယ်စပ် စီးပွားရေး ပူးပေါ င်းဆောင်ရွက်မှု အခြေအနေများ ကူမင်းမြို့ရှိ လုပ်ငန်းက ဏ္ဍအသီးသီးမှ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆောင်ရွက်မှု အခြေအနေများကို  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071