Monday, May 12, 2025

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...

စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး (၆,၆၂၀)ကျပ်သာသတ်မှတ်

ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို...
HomeCelebrities' Newsကိုယ့်ကြောင့် ရုပ်ရှင် လေးပျက်သွားမှာ...

ကိုယ့်ကြောင့် ရုပ်ရှင် လေးပျက်သွားမှာ စိုးရိမ်မိတယ် နေခြည်ဦး

Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှုတွေရရှိလာတဲ့ နေခြည်ဦးက ၂ဝ၁၈ ခုနှစ် ၊ဖေဖော်ဝါရီလမှာ ရုပ်ရှင် ဇာတ်ကား စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ရွှေစင်ဦး ထုတ်လုပ်ရေးက ကမ်းလှမ်းတာဖြစ်ပြီး နေမင်း၊ ဝတ်မှုံရွှေရည် တို့နဲ့ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။ပထမဦးဆုံး ရိုက်ကူးမယ့် ဇာတ်ကားဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေ လည်းရှိသလို ယုံကြည်မှု တွေလည်းရှိပါတယ် ဆိုတဲ့ နေခြည်ဦးက…

ပထမဦးဆုံးဇာတ်ကမ်းမှာ ဝါရင့်သရုပ်ဆေင် တွေ မကစ်တို့ ကိုနေမင်းတို့ ဒါရိုက်တာ ကအစ ဦး မီးပွားဆိုတော့ နေခြည့်အနေနဲ့ စိတ်ဖိစီးမှုလည်းနည်းနည်းများသလို ကိုယ့်ကိုယ်ကိုလည်း ပိုပြီးတော့ ယုံကြည်မှုရှိသလို ခံစားရတယ်။ဝါရင့် သရုပ်ဆောင် တွေက နေခြည့်ကို သင်ပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ တစ်ဖက်တစ်လမ်းကလည်း နည်းနည်းတော့ Pressure များတယ် ။ကိုယ့်ကြောင့် ရုပ်ရှင်လေးပျက်သွားမှာ စိုးတယ်။ တစ်ဖက်တစ်လမ်းလည်း ကိုယ့်ကို လက်တွဲခေါ် ပေးနိုင်မယ့် သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ဒီအချစ် ဇာတ်လမ်းမှာ ကိုမိုးနီလွင် ဖြစ်တဲ့အတွက် ဒီအချစ် ဇာတ်လမ်းမှာ ကိုမိုးနီလွင် ရဲ့ လှည့်ကွက် ကလေးတွေ ပရိယာယ် ကလေး တွေတော့ပါတာပေါ့။ နေခြည် ကိုယ်တိုင် ကလည်း ဇာတ်ညွှန်းတွေ သေချာဖတ်တဲ့ လူဖြစ်တဲ့အတွက် ဒီ ဇာတ်လမ်းကို စပြီး လက်ခံကတည်းက ဒီဇာတ်လမ်းကိုကြိုက်တလို့ပါ။အထူးသဖြင့် ကတော့မိန်းကလေး နှစ်ယောက်အချစ်အားပြိုင်တဲ့ ဇာတ်လမ်းပါ လို့ပြောပါတယ်။သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့အတွက်လည်း ကြိုတင်လေ့လာပြင်ဆင်နေပါတယ်လို့ဆိုတဲ့ နေခြည်ဦးက သရုပ်ဆောင် မင်းသမီးတွေထဲမှာ မို့မို့မြင့်အောင်၊ ဝတ်မှုံရွှေရည်၊ ရွှေမှုန် ရတီတို့ကို သဘောကျပြီး မင်းသားထဲမှာတော့ကိုဒေါင်းရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျတယ်လို့ဆိုပါတယ်။

 Beauty Blogger တစ်ယောက် အနေနဲ့ စလုပ်ကတည်းက သရုပ်ဆောင်ဖို့ကမ်းလှမ်းခံရပေမယ့် ငြင်းပယ်ခံရခြင်းအကြောင်းကိုလည်း နေခြည်ဦးက…

“blogger စလုပ်ကတည်းက သရုပ်ဆောင်ရတာ ၀ါသနာပါတယ်လို့ပြောပြီး သားပါ။နေခြည့် tutorial တွေကို ကြည့်ရင် သိမှာပါ။နေခြည် ကင်မရာကို မကြောက်တတ်ဘူး။ သရုပ်ဆောင် လုပ်ဖို့ကို နေခြည် အလုပ်စလုပ်ကတည်းက ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့ နေခြည်ငြင်းခဲ့တယ်။ Blogging Business မှာ နေခြည်နေရာ တစ်နေရာ မရသေးဘူးလို့ခံစားရတယ်။အခုဆို နေခြည် ကိုယ်ရတဲ့ နေရာလေးမှာ ပျော်နေပြီ။ကိုယ်လုပ်တဲ့ အရာကို အပျော်အပျက်ရယ်လို့လည်း နေခြည် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ။အခု သရုပ်ဆောင် လုပ်တယ်ဆိုတာလည်း ကိုယ်တကယ်ဝါသနာပါလို့။ပြီးတော့ အခွင့်အလမ်း ပေးလာတဲ့အချိန်။ဒါရိုက်တာတွေ  ကိုယ်နဲ့ သရုပ်ဆောင်မယ့် ရုပ်ရှင် သရုပ်ဆောင် တွေက တကယ့်အကြီးကြီးတွေ။သူတို့နဲ့ အတူ လက်တွဲ ခွင့်ရမယ်ဆိုတဲ့အတွက် နေခြည် လုပ်ဖြစ်တာပါ။ တကယ် လို့ အောင်မြင်ခဲ့ မယ်ဆိုရင် ပုံမှန်လေးကမ်းလှမ်းလို့ဇာတ်ညွှန်းကြိုက်တယ်။ကိုယ်နဲ့ အဆင်ပြေတယ်ဆိုရင် ဆက်လုပ်ဖြစ်မှာပါ”လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071